မှန်ကြည့်လိုက်တိုင်း မျက်နှာက မေးနှစ်ထပ်ဖြစ်နေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ဖို့တော့လိုမယ်နော်။

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေ မပြုလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းပြုလုပ်ပေးရသလိုပဲ မေးနှစ်ထပ်ပျောက်ဖို့ လေ့ကျင့်ခန်းလုပ်ရင်လည်း သွေးပူလေ့ကျင့်ခန်းက အရင်စလုပ်ပေးပါ။

ပထမဦးဆုံး အောက်မေးရိုးကို ဖြည်းညှင်းစွာ ရှေ့တိုး နောက်ဆုတ်ပြုလုပ်ပြီးရင် ဘေးဘက်သို့ ရွေ့လျားလိုက်ပါ။ အနည်းဆုံး ၈ ကြိမ်ကနေ ၁၀ ကြိမ်အထိပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၁

ပါးစပ်ဟထားပြီးနောက် အောက်နှုတ်ခမ်းကို အောက်သွားအပေါ်သို့ လိပ်တင်လိုက်ပါ။ ရေကို ခွက်နဲ့ ခပ်လိုက်တဲ့ပုံစံအတိုင်း အောက်မေးရိုးကို အပေါ်နှုတ်ခမ်းနဲ့ ပိတ်ပေးလိုက်ပါ။ အောက်မေးရိုးစတင်ရွ့လျားချိန်မှာ တစ်ပြိုင်နက်တည်း ဦးခေါင်းကိုနိမ့်ချလိုက်ပါ။ ပါးစပ်ပိတ်သွားတဲ့အချိန်မှာ ဦးခေါင်းမော့လိုက်ပါ။ ၅ ကြိမ်ကနေ ၇ ကြိမ်အတွင်းပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

လျှာကို တတ်နိုင်သမျှအပြင်ထုတ်ပြီး လျှာထိပ်ကလေးကို နှာခေါင်းနဲ့ထိကပ်ဖို့ကြိုးစားပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ၅ ကြိမ်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၃

ဦးခေါင်းကို ဘယ်လက်လှည့်ပြီး အောက်မေးရိုးကို အရှေ့သို့ထုတ်လိုက်ပါ။ လည်ပင်းကြွက်သားများကို ဆန့်ထုတ်နိုင်သလောက် များများဆန့်ထုတ်ပေးပါ။ ပြီးရင် ဦးခေါင်းကို ညာဘက်သို့လှည့်လိုက်ပြီး မေးရိုးကို အရှေ့သို့ထုတ်ပြီး လည်ပင်းကြွက်သားများကို ဆန့်ထုတ်လိုက်ပါ။ ၅ ကြိမ်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၄

မျက်နှာကို အပေါ်သို့မော့လိုက်ပြီး မျက်နှာကြက်ကို ကြည့်ထားပါ။ အောက်မေးရိုးကို ဖြည်းညှင်းစွာ အရှေ့ထုတ်လိုက်ပါ။ မိမိထက်အရပ်ရှည်တဲ့သူတစ်ယောက်ကို နမ်းသယောင် နှုတ်ခမ်းလေးကို စူထားလိုက်ပါ။ ၅ စက္ကန့် ၈ စက္ကန့်အထိ ငြိမ်သက်စွာနေပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ၅ ကြိမ်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၅

ပါးစပ်နဲ့ အသက်ပြင်းပြင်းရှူပြီး ပါးစပ်ထဲမှာလေတွေပြည့်သွားရင် ပိတ်ထားလိုက်ပါ။ လေတွေနဲ့ ဖောင်းနေတဲ့ပါးနှစ်ဖက်ကို လက်ဖဝါးနဲ့ ဖိလိုက်ပါ။ ၃ စက္ကန့်ကနေ ၅ စက္ကန့်အထိ တောင့်ထားပါ။ ဒီလေ့ကျင့်ခန်းးကိုတော့ ၅ ကြိမ်ကနေ ၆ ကြိမ်အထိပြုလုပ်ပေးပါ။

Source: Brightside.me

Featured Image Source: Power of Positivity