မင်္ဂလာပါ ပျိုမေတို့ရေ။ မတူညီတဲ့ Eye Makeup တွေက သင့်ကို ပုံစံအမျိုးမျိုးပြောင်းစေတာမို့ မိတ်ကပ် Look တစ်ခုအတွက် Eye Makeup ပြင်တဲ့အဆင့်က အရေးအကြီးဆုံးပါပဲ။ ဒါပေမယ့် သင်က လိမ်းရတာ မကျွမ်းသေးတဲ့ အခုမှစပြင်မယ့် Begineer ဆိုရင်တော့ ခြယ်နည်းမှားပြီး ကြည့်ရမဆိုးသွားအောင် မှန်ကန်တဲ့ လိမ်းခြယ်နည်းအဆင့်ဆင့်ကို သိထားတာအကောင်းဆုံးပါပဲ။ ဒီတစ်ခေါက်မှာ Eye Makeup စပြင်မယ့် သူတွေအတွက် အသုံးဝင်စေမယ့် အခြေခံ မျက်လုံးခြယ်နည်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ရှင်းရှင်းလေးနဲ့လှနေမယ့်အပြင် အချိန်နည်းနည်းပဲပေးရတာမို့ ထသွားထလာပြင်ဖို့ ကွက်တိဖြစ်မှာပါ။

Eyeshadow ကနေအရင်စလိမ်းပါမယ်။ Eyeshadow ခြယ်တဲ့အခါ ခြယ်ဖို့အတွက်သုံးမယ့် Brush ကောင်းဖို့ လည်း အရေးကြီးတာမို့ Brush တွေကို ပုံစံမျိုးစုံဝယ်မယ့်အစား အဓိကလိုအပ်တဲ့သုံးမျိုးကိုပဲ အမျိုးအစားကောင်းတာလေး ဝယ်ပေးပါ။


လိုအပ်တဲ့ Brush ပုံစံသုံးမျိုးကတော့ အမွှေးအထူပါတဲ့အကြီး တစ်ခု၊ Medium အရွယ်အစား အဝိုက် Brush တစ်ခု၊ ခပ်သေးသေး Brush အပြားတစ်ခုပါ။ Brush အကြီးကိုတော့ Eyeshadow အောက်ခံအရောင်ဆိုးဖို့ သုံးပါမယ်။

အလယ်အလတ်အရွယ်အစားကိုတော့ အပေါ်မျက်ခွံ အောက်ပိုင်းနားမှာ အရောင်ထည့်ဖို့ သုံးပါမယ်နော်။ နောက်ဆုံး Brush အသေးလေးကိုတော့ အပေါ်နဲ့အောက် မျက်လုံးထောင့်စွန်းမှာ Eyeliner ပုံစံ ခပ်ချွန်ချွန်လေး ထည့်ပေးဖို့ သုံးနိုင်ပါတယ်။

Eyeshadow အရောင်ကိုတော့ သဘာဝဆန်တဲ့ Look လေးရအောင် Neutral ဖြစ်တဲ့ ကာလာလေးတွေသုံးပေးပါနော်။ သိပ်မတောက်တဲ့ အရောင်အဖျော့လေးတွေ သုံးပေးတာက ကာလာစပ်ဆိုးတာ မကျွမ်းသေးတဲ့ အခုမှစပြင်မယ့်သူတွေအတွက်လည်း အဆင်ပြေပါတယ်။

အပေါ်မှာပြောထားတဲ့ Brush သုံးမျိုးနဲ့ လွယ်လွယ်ကူကူ အနုအရင့် သုံးရောင်စပ်ပြီး ဆိုးပေးပါနော်။


Eyeliner ခြယ်ရမယ့်အဆင့်ဖြစ်ပါတယ်။ Pencil Eyeliner တွေကတော့ ဖျက်ရပြင်ရပိုလွယ်သလို ခြယ်ရလည်းမခက်တာမို့ အခုမှစပြင်မယ့်သူတွေအတွက် အဆင်ပြေပါတယ်။

Natural လည်းဆန်တာမို့ Pencil Eyeliner ယူပြီး မျက်ခွံဘေးအစွန်းလေးမှာ မျက်ရစ်လမ်းကြောင်းနဲ့ကပ်ပြီး ပြေပြေကော့ကော့လေး ဆွဲပေးပါ။ အစွန်းချွန်ချွန်လေးရဖို့ Thin Brush လေးနဲ့ ပြန်ညှိပေးနိုင်ပါတယ်။

 


Mascara နဲ့ မျက်တောင်ကော့ပေးရမယ့်အဆင့်ဖြစ်ပါတယ်။ Mascara ကို မျက်တောင်အချင်းချင်းကပ်ပြီး ထူထူကြီးမဖြစ်ရအောင် Mascara ကော့တံကို မျက်တောင်နဲ့ မထိတထိလေး တို့ပြီး ကော့ပေးရပါမယ်။

ဒါဆိုရင်တော့ လူတိုင်းနဲ့အဆင်ပြေပြီး Everyday Look အတွက် သင့်တော်တဲ့ ပေ့ါပေါ့ပါးပါး Eye Makeup လေးကို ရရှိသွားပါပြီ။

Source: Youtube

By MyStyle Myanmar