လူတစ်ယောက်အတွက် အမြင်အာရုံဆိုတာ အရေးပါလှပါတယ်။ ဒါမှ သဘာဝအလှတရားကို အပြည့်အဝ ကြည့်ရှု့ခံစားနိုင်မှာပါ။ ဒီကနေ့ခေတ်မှာ ကွန်ပျူတာတွေ ၊ စမတ်ဖုန်းတွေ ၊ ဂိမ်းတွေကို အချိန်ပေး သုံးလာကြတာကြောင့် အမြင်အာရုံကို ပိုလို့ ပျက်စီးလာစေကြသလို အသက်ငယ်ငယ်နဲ့ မျက်မှန်တွေ တပ်နေကြရပါပြီ။

သင့်ရဲ့ အမြင်အာရုံကို ပိုမိုကောင်းမွန်စေမယ့် သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ မျက်လုံးကို အပေါ်အောက်၊ ဘေးဘီဝဲယား လည်ပြီးကြည့်ပါ။ ၂ မိနစ်လောက် လုပ်ပေးပါ။

၂။ လက်ဖဝါးနှစ်ဖက်ကို ပူအောင် ပွတ်ပေးကာ အဲဒီပူနေတဲ့လက်ဖဝါးနဲ့ မျက်လုံးကို ဖိပေးတာမျိုးလုပ်ပါ။  ၃ မိနစ်ကနေ ၅ မိစန်လောက်လုပ်ပေးပါ။

၃။ စိတ်ကိုဖော့ထားပြီး ခန္ဓာကိုယ်ကို သက်သောင့်သက်သာထားပါ။ ပြီးရင် လက်မကို နှာခေါင်းနားမှာ ထားပြီး အရှေ့ကို ထုတ်ပေးပါ။ အဲဒီအတိုင်း မျက်လုံးက လိုက်ကြည့်ပေးပါ။ ၃ကြိမ် ၄ ကြိမ်လောက်လုပ်ပါ။

၄။ မျက်တောင်ခတ်ပါ။ မျက်လုံးကို အရမ်းအာရုံစိုက်ထားတာ ကြာလာတဲ့အခါ မျက်တောင်လေးတွေကို ခပ်မြန်မြန်လေး ခတ်ပေးလိုက်ပါ။

၅။ အဝတ်စကို ရေနွေးနွေးစွတ်ပြီး မျက်လုံးပေါ်ကပ်ပေးပါ။ ပြီးရင် ရေအေးအေးစွတ်ပြီး မျက်လုံးပေါ်ကို ထပ်ကပ်ပေးပါ။ ၂ ကြိမ်စီလုပ်ပါ။

၆။ မျက်လုံးကို နှိပ်ပေးရပါမယ်။ ခေါင်းကို မော့ထားပြီး လက်ချောင်းလေးနဲ့ မျက်ခွံပေါ်ကို သာသာလေးနှိပ်ပေးပါ။