အာရုံစိုက်ပြီးအလုပ်လုပ်ရတဲ့သူတွေနဲ့ စာကြည့်ရတာများတဲ့သူ၊ ဖုန်းနဲ့ ကွန်ပြူတာကြည့်တာ များတဲ့သူတွေအတွက် အမြင်အာရုံပိုကောင်းလာစေမယ့် အလွယ်ကူဆုံး မျက်လုံးလေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ နေ့တိုင်းကိုလုပ်ပေးသင့်ပါတယ်နော်။ အမြင်အာရုံပိုကောင်းစေရုံသာမကပဲ မျက်ရိုးကိုက်တာကိုလည်း သက်သာစေတယ်။ မျက်လုံးကြွက်သားတွေလည်း Relax ဖြစ်စေပါတယ်။
လက်မကိုထောင်ပြီး လက်ကိုရှေ့ကိုဆန့်ထုတ်လိုက်ပါ။ ပြီးရင် မျက်လုံးက အဲ့ဒီလက်မကို ကြည့်နေရပါမယ်။ လက်မကို ဖြေးဖြေးချင်းစီ မျက်စိရှေ့ကိုတိုးလာရပါမယ်။ မျက်လုံးကလည်း အဲ့လက်မကိုပဲ ကြည့်နေရပါမယ်။ အဲ့အတိုင်း လက်ကို ရှေ့ဆန့်ထုတ်လိုက်၊ မျက်လုံးရှေ့ပြန်တိုးလိုက်နဲ့ ၃ ကြိမ်လုပ်ပေးရပါမယ်။
ဖုန်းမှာ Timer ကို ၂ မိနစ်ပေးထားပြီး မျက်လုံးကို ပုတ်ခက်ပုတ်ခက် လုပ်ပေးရပါမယ်။ ၄ စက္ကန့် ၁ ခါ ပိတ်လိုက်ဖွင့်လိုက်၊ ပုတ်ခက်ပုတ်ခက် လုပ်ပေးပါ။ ၂ မိနစ်ပြည့်အောင် လုပ်ရမှာပါ။
မျက်စိမှိတ်ပြီး လက်နဲ့အုပ်ထားပါ။ ပြီးရင် လက်ကိုဖယ်ပြီး မျက်လုံးဖွင့်ပါ။ အဲ့အတိုင်း ၁၀ ကြိမ် လုပ်ပေးပါ။
မြက်ခင်းပြင်တို့၊ စိမ်းစိုတဲ့နေရာတို့ကို ၁၅ မိနစ်လောက်ကြည့်ပေးပါ။ မျက်စိအေးပြီး မျက်စိညောင်းတာ သက်သာစေသလို အမြင်အာရုံလည်း ပိုကောင်းစေပါတယ်။
လက်ချောင်းလေးတွေနဲ့ မျက်ရိုး၊ မျက်ခွံ၊ မျက်ခုံးကို ၂ မိနစ်လောက် Eye massage လုပ်ပြီး နှိပ်ပေးပါ။ စက်ဝိုင်းပုံစံနှိပ်ပေးရမှာပါ။
မျက်လုံးကို အပေါ်ကြည့်လိုက်၊ အောက်ကြည့်လိုက်နဲ့ ၅ စက္ကန့် လုပ်ပေးရပါမယ်။ ၅ စက္ကန့်ပြည့်ရင် ခဏရပ်ပြီး ပြန်လုပ်ပါ။ လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ ၁၀ ကြိမ်ပါ။
အမြင်အာရုံပိုကောင်းစေပြီး မျက်စိအားကောင်းစေဖို့ လေ့ကျင့်ခန်းမဟုတ်ပဲ နောက်ထပ်လုပ်ရမယ့်အရာကတော့ vitamin A ကြွယ်ဝတဲ့အစားအသောက်တွေကို များများစားသုံးပါ။ လက်မဆေးရသေးပဲ မျက်လုံးကို အရမ်းပွတ်တာမျိုး မလုပ်ပါနဲ့။ မျက်စိဆရာဝန်နဲ့ ကိုယ့်မျက်စိကို ပုံမှန်စစ်ဆေးတာမျိုး လုပ်ပေးပါ။ အိပ်ရေးဝအောင်အိပ်ပါ။
Source:www.bebeautiful.in