မိန်းကလေးတိုင်းအတွက် လက်မောင်းကျစ်လစ်ပြီး ရင်သား တင်းရင်းလှပလာစေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် လုပ်ရတာလည်း အဆင်ပြေမှာပါ။

Cradle exercise

ပုံမှာပြထားတဲ့အတိုင်း လက်ဖဝါးနဲ့ တံတောင်ဆစ်ကို ဆုပ်ကိုင်ထားပေးပါ။ ပြီးရင် ပုံမှန်အတိုင်း လက်ပြန်ချပါ။ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးရင် ရပါပြီ။

Albatross exercise

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ကားပြီးဆန့်ထုတ်ထားပါ။ ပြီးရင်တော့ လက်ဖဝါးကိုလှန်လိုက်၊ မှောက်လိုက်နဲ့ စက္ကန့် ၆၀ ပြည့်အောင် လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက လက်မောင်းကျစ်လစ်စေပြီး ရင်သားပင့်တင်ပေးပါတယ်။ ရင်သားတင်းရင်းစေပါတယ်။

Scissors exercise

ဒီလေ့ကျင့်ခန်းကတော့ လွယ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို အရှေ့ဆန့်ထုတ်ပြီး ယှက်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကိုလည်း စက္ကန့် ၆၀ ပြည့်အောင် လုပ်ပေးရင်ရပါပြီ။

Book exercise

ပုံမှာပြထားတဲ့အတိုင်း အလေးချိန်တူတဲ့ စာအုပ် ၂ အုပ်ကို လက်ဖဝါးပေါ်တင်ပြီး လက်နှစ်ဖက်ကို ကားထားပါ။ ပြီးရင်တော့ လက်နှစ်ဖက်လုံးကို ကိုယ့်အရှေ့မှာ ပြန်စုပါ။ ပြီးရင် ပြန်ကားပါ။ အဲ့အတိုင်း အကြိမ် ၃၀ ပြည့်အောင် ဖြေးဖြေးချင်းစီလုပ်ပေးပါ။

Cobra exercise

ယောဂဖျာပေါ်မှာလှဲပြီး ခြေချောင်းတွေနဲ့ ထောက်ထားပါ။ လက်နှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း ခေါင်းနောက်မှာထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ပင့်ထားပါ။ အဲ့အတိုင်း ၁ စက္ကန့်နေပြီး ပုံမှန်အတိုင်း ပြန်နေပါ။ ပြီးရင် ပြန်လုပ်ပါ။ ၁၀ ကြိမ် အနည်းဆုံး လုပ်ပေးရပါမယ်။

Elephant exercise

ပုံထဲကအတိုင်းကုန်းပြီး လက်တစ်ဖက်ကို ဘေးကိုဆန့်၊ နောက်လက်တစ်ဖက်က အောက်ကိုချပြီးလွှဲပါ။ ပြီးရင် မတ်တပ်ပြန်ရပ်ပြီး ပြန်လုပ်ပါ။ အဲ့အတိုင်း အနည်းဆုံး ဘယ် ၁၅ ကြိမ်၊ ညာ ၁၅ ကြိမ်စီ လုပ်ပေးရပါမယ်။

Catcher of stars exercise

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို အရင်ထားပါ။ ပြီးရင် တစ်ဖက်ကိုမြှောက်၊ တစ်ဖက်ကိုအောက်နှိပ်ချပြီး တစ်လှည့်စီ ဆက်တိုက်လုပ်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကတော့ စစလုပ်ချင်းမှာ ကြောင်နေတတ်ပါတယ်။ ဒါပေမယ့် သေချာထိန်းပြီးလုပ်ပေးရင်တော့ လက်အနေအထားမှန်ပြီး ကျင့်သားရသွားမှာပါ။

source:www.brightside.me