MyStyle Myanmarရဲ့ အချစ်တော်ပျိုမေတို့အတွက် လေ့ကျင့်ခန်းလုပ်နည်းပေါင်းစုံကို အများကြီးမျှဝေပေးနေကျတဲ့အထဲကမှ ဒီတစ်ခါမှာတော့ ရင်သားတင်းရင်းလှပပြီး အကိတ်လေးဖြစ်စေမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်းလေးတွေကို ရှာဖွေမွှေနှောက်ပြီး မျှဝေပေးလိုက်ပါတယ်နော်။

ဒါကြောင့် အိမ်မှာပဲ အားတဲ့အချိန်လေးမှာ အချိန်နည်းနည်းပေးပြီး ပုံမှန်လုပ်သွားပေးရုံနဲ့ သိသာတဲ့ရလဒ်ကို ခံစားရရှိမှာဖြစ်တဲ့အတွက် ပျင်းရိမနေပဲ့ အခုပဲ့စတင်လုပ်ဆောင်လိုက်ကြရအောင်..

ပုံမှာပြထားတဲ့အနေအထားအတိုင်း ၅ စက္ကန့်နေပြီး ၅ စက္ကန့်နားပါ။ ၃ ကြိမ်လောက် လုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ လောက် နေပေးရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး ဒိုက်ထိုးပေးရမှာပါ။ ခြေထောက်ပုံစံကို သေချာဂရုစိုက်လုပ်ပေးပါ။ ၁၅ ကြိမ် ဒိုက်ထိုးပြီး ခဏနားပါ။ ၃ ကြိမ်ပြည့်အောင် ပြန်လုပ်ရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း စက္ကန့် ၂၀ နေပေးရပါမယ်။ ပြီးရင်တော့ ၁၀ စက္ကန့်နားပါ။ ပြီးရင်ပြန်လုပ်ပါ။ ၃ ကြိမ်ပြည့်အောင် လုပ်ရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း စက္ကန့် ၂၀ ပြည့်အောင် နေရပါမယ်။ ခန္ဓာကိုယ်အနေအထားကို သေချာထားဖို့လိုပါတယ်။ ပြီးရင် ၁၀ စက္ကန့်နားပါ။ ပြန်လုပ်ပါ။ ၃ ကြိမ်လုပ်ရပါမယ်။

ဒါကတော့ အလေးနဲ့လုပ်ရမယ့်လေ့ကျင့်ခန်းပါ။ ပုံမှာပြထားတဲ့အနေအထားအတိုင်း မှန်အောင်နေပြီး အလေးကို အပေါ်မြှောက်၊ အောက်ကပြန်ချ လုပ်ပေးရမှာပါ။ ၈ ကြိမ်ဆက်တိုက်လုပ်ပြီး ခဏနား၊ ပြီးရင်ပြန်လုပ်နဲ့ ၃ ကြိမ်ပြည့်အောင် လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး အလေးနှစ်ခုကို လက်နှစ်ဖက်နဲ့ စုပါ။ ပြီးရင် ပြန်ကားပါ။ ၁၂ ကြိမ်ဆက်တိုက်လုပ်ပြီး ခဏနား၊ ပြီးရင် နောက်တစ်ခေါက်ထပ်လုပ်ပါ။

Source: www.brightside.me