နေ့တိုင်းအပြင်သွားတဲ့အခါ အလှပြင်နေတဲ့သူတွေနဲ့ ထသွားထလာအမြဲတမ်းလိမ်းဖို့၊ ပြင်ဖို့အတွက် အဆင်ပြေစေတဲ့ မိတ်ကပ်ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူပြီးမြန်ဆန်တဲ့အပြင် ဘယ်တော့မှလည်းရိုးမသွားပဲ အမြဲလှနေစေမယ့် မိတ်ကပ် look လေးဖြစ်တာကြောင့် မိန်းကလေးတိုင်းအတွက် အသုံးဝင်စေမှာပါ။

အရင်ဆုံး Toner, Moisturizer, Sunscreen, Primer စတာတွေကို အရင်လိမ်းပါ။ ပြီးမှ ကိုယ်လိမ်းနေကျ အောက်ခံမိတ်ကပ် Foundation ကို လိမ်းပါ။

Concealer နဲ့ မျက်ကွင်းညိုတဲ့နေရာ၊ အမဲစက်၊ အမာရွတ်ရှိတဲ့နေရာတွေကို ဖုံးပေးပါမယ်။

Loose Powder နဲ့ မျက်ကွင်းနေရာ၊ မေးစိ၊ နဖူးတို့ကို အဓိကထားလိမ်းပေးပါ။

မျက်ခုံးမွှေကို သဘာဝဆန်ဆန်လေးဖြစ်အောင် ဆွဲပေးပါ။ အရမ်းထူထူမဲမဲကြီးနဲ့ ထင်းနေအောင်ဆွဲတာမျိုး မလုပ်ပါနဲ့။

Contouring (သို့) Eyeshadow အညိုရောင်နဲ့ မေးရိုးချတာမျိုးလုပ်ပေးပါ။ ပါးပါးလေးပဲ Brush နဲ့ ခြယ်ချပေးလိုက်ရင်ရပါပြီနော်။

Eyeshadow စခြယ်ဖို့အတွက် အညိုဘက်သွားတဲ့အရောင် (သို့) အုတ်ကျိုးရောင်ဘက်သွားတဲ့ အရောင်လေးကိုယူပြီး မျက်ခွံပေါ်မှာ ခြယ်ပေးပါ။ Everyday အတွက်ဆို ဒီအရောင်လေးတွေက အရမ်းအဆင်ပြေပါတယ်။ ဘာနဲ့မဆိုလည်း လိုက်ပါတယ်။

Eyeliner ကို ပါးပါးလေးတစ်ကြောင်းထဲ ဆွဲပေးပါ။ ဘေးဘက်ကို အချွန်လေးထွက်အောင် ဆွဲပေးပါ။ အောက်နားကိုကျတော့ ထောင့်ဘက်လေးမှာပဲဆွဲပေးပါ။

မျက်လုံးပြင်တဲ့ နောက်ဆုံးအဆင့်အနေနဲ့ Mascara သုံးပါမယ်။ Mascara နဲ့ မျက်တောင်ကော့တဲ့အခါမှာ အပေါ်မျက်တောင်၊ အောက်မျက်တောင် ကော့ပေးပါ။

နောက်ဆုံးမှာတော့ နှုတ်ခမ်းနီဆိုးဖို့ပဲကျန်ပါတယ်။ နှုတ်ခမ်းနီကို အမြဲတမ်းထသွားထလာအတွက် အဆင်ပြေအောင် အညိုဘက်သွားတဲ့အရောင်လေးပဲ ဆိုးထားပါတယ်။

ဒါဆိုရင်တော့ နေ့တိုင်းလည်းပြင်လို့အဆင်ပြေတဲ့ ထသွားထလာအတွက်လည်း အရမ်းအဆင်ပြေတဲ့ မိတ်ကပ် look ကို ရရှိသွားပြီပဲဖြစ်ပါတယ်။

source:www.diannemaniago