ကိုယ်ကဝိတ်တက်ချင်လို့ စားနေပေမယ့် ဝမလာဘူးဆိုတာမျိုးတွေ ဖြစ်တဲ့သူမျိုး ရှိမှာပါ။ တချို့ကျတော့လည်း ဝချင်တယ်၊ ဝိတ်တက်လာချင်တယ် ဒါပေမယ့် အစာစားချင်စိတ်နည်းနေတာမျိုး၊ ခဏခဏဗိုက်ဆာတာမျိုး မဖြစ်ပဲ အစာခြေစနစ် မကောင်းတာမျိုး၊ Stress တွေများပြီး ပိန်နေတာမျိုးတွေ ဖြစ်နေတာပါ။ ဒီလိုဖြစ်နေတဲ့သူတွေအတွက် ဝိတ်တက်လာစေဖို့ကူညီပေးမယ့် လွယ်ကူသော ယောဂကျင့်စဉ်တွေကို မျှဝေပေးလိုက်ပါတယ်။

Cobra Pose

ဒီယောဂကျင့်စဉ်က အစာခြေစနစ် ပိုမိုကောင်းမွန်လာစေပြီး အစာစားချင်စိတ် ပိုတိုးလာစေတယ်၊ အသက်ရှူစနစ်လည်း ပိုမိုကောင်းမွန်လာပြီး သွေးလည်ပတ်မှု ကောင်းမွန်လာစေပါတယ်။
ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် ၃၀ မှ စက္ကန့် ၆၀ အထိ နေပေးပြီး အသက်ရှူတာကို ဖြေးဖြေးချင်းစီ လုပ်သွားပေးပါ။

Diamond Pose

အစာခြေစနစ်ကို ပိုမိုကောင်းမွန်လာစေပြီး စိတ်ပေါ့ပါးမှု ရှိစေတဲ့ ယောဂကျင့်စဉ် ဖြစ်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း ထိုင်တဲ့အခါမှာ ခါးနဲ့ကျောရိုးက လုံးဝကို မတ်နေရပါမယ်။ လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ပြီး အသက်ကိုရှိုက်ပြီးရှူလိုက်၊ ခပ်ပြင်းပြင်း ပြန်ထုတ်လိုက်နဲ့ စက္ကန့် ၆၀ လောက် နေပေးပါ။

Wind Relieving Pose

ဒီယောဂကျင့်စဉ်ကလည်း အစာခြေစနစ်ကို ပိုမိုကောင်းမွန်လာစေပြီး ခန္ဓာကိုယ်ကနေ အာဟာရဓာတ်တွေကို ပိုပြီး စုပ်ယူလာနိုင်တယ်၊ Stress တွေလည်း လျော့ကျစေပါတယ်။

ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိ ကိုယ်အဆင်ပြေသလောက် နေပေးပါ။ အဲ့လိုလုပ်နေတဲ့အချိန်မှာလည်း အသက်ကို ခပ်ပြင်းပြင်းလေး ရှိုက်ရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးပါ။

Fish Pose

ဝိတ်တက်လာစေဖို့ ကူညီပေးပြီး စိတ်ဖိစီးမှု Stress တွေ လျော့ကျစေမယ့် ယောဂကျင့်စဉ်ဖြစ်ပါတယ်။
ခြေထောက်ကို ကို ပုံမှာပြထားတဲ့အတိုင်း သေချာလေး လုပ်ပေးပါ။ ခြေထောက်ထားပုံက အရေးကြီးပါတယ်။ ခါးကနေကော့ထားပေးပါ။ အဲ့အတိုင်း

စက္ကန့်ပိုင်းလောက် ကိုယ်နေနိုင်သလောက် နေပေးပါ။

Corpse Pose

ခန္ဓာကိုယ်ကို Relax ဖြစ်စေပြီး အာဟာရဓာတ်ကို ပိုမိုစုပ်ယူလာနိုင်အောင်၊ စိတ်ဖိစီးမှုတွေ လျော့ကျသွားအောင် ကူညီပေးမယ့် ယောဂကျင့်စဉ် ဖြစ်ပါတယ်။

လုပ်ရတာကတော့ အလွယ်ကူဆုံးပါပဲ။ ဒီတိုင်း ကြမ်းမှာလဲှပြီး လက်နဲ့ခြေထောက်ကို ဆန့်ထားပြီး မျက်စိမှိတ်ကာ အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးရုံပါပဲ။