ပြင်ဆင်ရတာ လွယ်ကူမြန်ဆန်ပြီး 10 မိနစ်လောက်နဲ့ပြီးတဲ့ ချစ်ဖို့လည်းကောင်းတဲ့ Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ရိုးရှင်းတဲ့ Look လေးဖြစ်လို့ မျက်မှန်တပ်တဲ့ ကောင်မလေးတွေနဲ့ဆိုလည်း အရမ်းအဆင်ပြေပါတယ်။

လိမ်းဖို့လိုတဲ့ Skincare Step တွေလိမ်းပြီးတာနဲ့ Primer လိမ်းပေးပါ။

မျက်ကွင်းညိုတာဖုံးဖို့ Concealer လိမ်းထားပြီး Makeup လိမ်းရတာ လွယ်ကူမြန်ဆန်အောင် Cushion လိမ်းပါမယ်။

မျက်ခုံးမွှေးကို ကိုယ်ဆွဲနေကျအတိုင်းဆွဲပြီး Eyebrow Gel နဲ့ ဖြီးပေးပါ။ မျက်ခုံးမွှေးရှိပြီးသားသူဆိုရင် မျက်ခုံးမွှေးမဆွဲတော့ပဲ Eyebrow Gel နဲ့ပဲဖြီးလို့တောင် ရပါတယ်။

Contouring Palette (သို့) Eyeshadow Palette အသားရောင်နဲ့ နှာတံဖော်ပေးပါ။

မိတ်ကပ်ရောင်လိုမျိုး အရောင်နုနုလေးနဲ့ မျက်ခွံကိုခြယ်ပါမယ်။ မျက်လုံးအောက်နားကိုပါ နည်းနည်းခြယ်ပေးပါ။

အညိုရောင်ကို မျက်ခွံမှာ ထပ်ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း နည်းနည်းခြယ်ပေးပါ။

Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင်ကို ကော့ပေးပါ။

Rose Gold Glitter Eyeshadow ကို လက်လေးနဲ့ယူပြီး မျက်ခွံအလယ်မှာ ခြယ်ပေးပါ။ မျက်လုံးအောက်နားကိုလည်း နည်းနည်းသုတ်ပေးပါ။

ပါးနီကိုတော့ နှုတ်ခမ်းနီပဲသုံးထားပါတယ်။ လိမ္မော်နဲ့အညိုစပ်ထားသလို အရောင်လေးကို သုံးထားပါတယ်။

နှုတ်ခမ်းနီဆိုးဖို့ကိုလည်း အဲ့နှုတ်ခမ်းနီလေးပဲ ဆိုးပေးပါ။

ဒါဆိုရင်တော့ ပြင်ဆင်ရတာ လွယ်ကူမြန်ဆန်ပြီး ချစ်ဖို့လည်းကောင်းတဲ့ 10 မိနစ် Makeup Look ကို ရရှိသွားပြီဖြစ်ပါတယ်။