မိန်းကလေးတိုင်း သိသင့်တယ်ဆိုတော့ အဓိကအားဖြင့်တော့ အလှပြင်တဲ့အလုပ်ကို အချိန်အရမ်းပေးပြီးမလုပ်ချင်တဲ့သူတွေအတွက်ရယ် ခပ်မြန်မြန်လေးနဲ့ လှချင်တဲ့သူတွေအတွက်ရယ် ရည်ရွယ်ပါတယ်နော်။

၁။ မျက်ခုံးမွှေးဆွဲခြင်း

မျက်ခုံးမွှေးဆွဲတဲ့အခါမှာ မျက်ခုံးမွှေးကို ကြိုပြီး ပုံဖော်ထားလိုက်ပါ။ ရိတ်တာ (သို့) Waxing လုပ်တာမျိုးလုပ်နိုင်ပါတယ်။ ပြီးရင် မျက်ခုံးမွှေးအောက်နဲ့ အပေါ်က အစွန်းနားလေးကိုပဲ ဆွဲပေးလိုက်ပြီး အလည်ပိုင်းကိုတော့ အလိုက်သင့်လေး လိုက်ဖြည့်လိုက်ရုံပါပဲ။

၂။ ခေါင်းမြန်မြန်ဖြီးမယ်

ခေါင်းမြန်မြန်ဖြီးရင် ဆံပင်ကျွတ်တာမျိုးလည်းမဖြစ်စေဖို့အတွက် ဆံပင်ကို အရှေ့ချပြီး ဖြီးပေးပါ။အဲဒီလိုဖြီးတာဟာ ဆံပင်ကျွတ်တာ၊ ကျိုးကြေတာကို သက်သာစေပါတယ်။

၃။ Eyeliner ဆိုးတဲ့အခါ

လိုင်နာဆိုးတဲ့အခါ တခုသိထားရမှာက အောက်ပိုင်းကို အပြည့်မချယ်သင့်ပါဘူး။ မျက်ခမ်းနားက ဘေးအစွန်းနားတစ်ဝက်ကိုပဲ ချယ်သင့်သလို အောက်မျက်ခမ်းမှာ လိုင်နာဆိုးတဲ့အခါ လိုင်နာအခြောက်ကို သုံးသင့်ပါတယ်။

၄။ လှပတဲ့နှုတ်ခမ်းသားအတွက် နှုတ်ခမ်းနီကို ဒီလိုဆိုးမယ်

နှုတ်ခမ်းနီဆိုးတဲ့အခါ အရင်ဆုံး အဆီပါးပါးလေးလိမ်းပေးလိုက်ပါ။ ပြီးရင် အဆီကို ခပ်ပါးပါးလေး ပြေသွားအောင်ပုပ်လိုက်ပါ။ ပြီးရင်တော့ နှုတ်ခမ်းနီ အတွင်းဖက်ဆိုးမှာထက် နည်းနည်းရင့်တာကို အပြင်ကနေ ကကြီး ပုံဖော်လိုက်ပါ။ ပြီးရင်အတွင်းပိုင်းကို လိုက်ဖြည့်လိုက်ပါ။

၅။ လိုင်နာဆိုးရာမှာ မပေစေဖို့

ကိုယ်က လိုင်နာသိပ်မဆိုးတတ်ဘူးဆိုရင် ကိုယ်လိုချင်တဲ့ လိုင်နာပုံစံအတိုင်း တိတ်ကို မျက်ရစ်နားမှာ ကပ်ပေးလိုက်ပါ။ ပြီးရင် လိုင်နာထည့်လိုက်ပါ။ အဲဒီနောက် တိပ်ကို ခွာချလိုက်ပြီး အတွင်းဖက်နည်းနည်းလိုတာကို ထပ်ဖြည့်လိုက်ပါ။

၆။ ဖောင်ဒေးရှင်းရွေးနည်း

ကိုယ့်အသားအရေနဲ့ လိုက်မလိုက် မိတ်ကပ်ဖောင်ဒေးရှင်းကို ဒီလိုရွေးပါနော်။ လက်ပေါ်မှာ စမ်းတာထက် လည်ပင်းမှာ စမ်းတာပိုကောင်းပါတယ်။

၇။ Wing Liner ဆိုးနည်း

ရိုးရှင်းလွယ်ကူတဲ့ Wing လိုင်နာကို ဒီလိုဆိုးလို့ရပါတယ်။ စက္ကူ (သို့) ကပ်ထူနဲ့ခံပြီးဆိုးလို့ရသလို အစက်လေးတွေချပြီး ဆိုးလို့လည်းရပါတယ်။