အားလုံးပဲ မင်္ဂလာပါ။ ခုန်ပေါက်ပြီးလုပ်ရတဲ့ လေ့ကျင့်ခန်းတွေထက် ဖြေးဖြေးချင်း အကြောလျှော့ရင်း လုပ်လို့ရမယ့် လေ့ကျင့်ခန်းမျိုးကို ရှာနေတဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ စလုပ်လို့ရတဲ့ အခြေခံ ယောဂလေ့ကျင့်ခန်း (၅)မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ယောဂကျင့်တာက စိတ်ငြိမ်ပြီး Stress လျော့စေသလို အဆီကျ ဗိုက်ချပ်စေတဲ့ အကျိုးပါ ရစေတာမို့ တစ်နေ့ မှာ အချိန်နည်းနည်းပေးပြီး အလေ့အကျင့်လုပ်ထားတာက မမှားပါဘူး။ အသက်အရွယ်မရွေးလည်း လုပ်နိုင်မှာဖြစ်လို့ လိုက်လုပ်ကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်နော်-

Bridge Pose


ကြမ်းပြင်မှာလှဲချပြီး လက်နှစ်ဖက်ကိုကပ်ထားပါ။ ဒူးထောက်ကာ ခေါင်းချထားပြီး ခန္ဓာကိုယ်အပေါ် မ တင်ပေးရပါမယ်။ ခန္ဓာကိုယ်အောက်ပိုင်းက တင်းနေတဲ့အကြောတွေ ပြေလျော့စေတဲ့အပြင် ဗိုက်ကြွက်သားကိုတင်းကာပြုလုပ်ရတာမို့ ဗိုက်ချပ်စေပါတယ်။

Mountain Pose


ခန္ဓာကိုယ်တစ်ခုလုံးက အကြောတွေပြေလျော့အောင် အကြောဆန့်သလို အပေါ်ကို ဆန့်ထုတ်ပေးရမယ့် Pose ဖြစ်ပါတယ်။ ဒီယောဂလေ့ကျင့်ခန်းက လုပ်ပြီးတဲ့အချိန်တိုင်း အကြောပြေပြီး ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးသွားသလို ခံစားရမှာပါ။

Chair Pose

အထိုင်များတဲ့သူတွေ ခန္ဓာကိုယ်အောက်ပိုင်းမပြားအောင် လုပ်ပေးသင့်တဲ့ ယောဂလေ့ကျင့်ခန်းဖြစ်ပါတယ်။ ပုံထဲကလို တင်ကိုနောက်ပြစ်ပြီး ဒူးကွေးကာ ခုံမှာထိုင်တော့မယ့်ပုံစံ ထိန်းထားပေးပါ။ လက်နှစ်ဖက်ကို အပေါ်မြှောက်ထားပေးရပါမယ်။ ခန္ဓာကိုယ်အောက်ပိုင်းက ကြွက်သားတွေကို ကျစ်လျစ်စေမှာပါ။

Cat Cow Pose


ဒီယောဂနည်းကတော့ပုံမှာပြထားသလို လက်နဲ့ ဒူးနှစ်ဖက်လုံး ကြမ်းပြင်မှာထောက်ပြီး ပုခုံးသားကိုဆန့်ထုတ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို မော့ပြီး အသက်ရှုသွင်းရင်း ရှုထုတ်တဲ့အခါ နောက်ကျောကိုကုန်းပြီး ခေါင်းငုံ့ချပေးရမှာပါ။ နေရာမရွေးလုပ်လို့ရတဲ့ ဒီယောဂကိုတော့ ရှုသွင်းရှုထုတ် ၁၀ ကြိမ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပြီး ဗိုက်ကြွက်သားကိုအလုပ်ပေးသလိုဖြစ်တာမို့ ဗိုက်ချပ်စေမှာပါ။

Crescent Lunge Pose


ပေါင်တွင်းကြွက်သား ကျစ်လျစ်ချင်သူတွေက ဒီယောဂ Pose ကနေ စပြီး Try ကြည့်သင့်ပါတယ်နော်။ ခန္ဓာကိုယ်ဘေးကိုမယိုင်အောင် Balance ထိန်းနိုင်ဖို့ပဲလိုတာမို့ ပုံထဲကလို ခြေထောက်နှစ်ချောင်းကိုအရှေ့နောက် ခွဲထားပြီး ရှေ့တစ်ချောင်းကို ဒူးထောက်ကာ ကျန်တစ်ချောင်းကို နောက်ဘက် ဆန့်ထုတ်လျက် ခြေဖျားထောက်ပေးပါ။ လက်တွေကိုတော့အပေါ်ဆန့်ထုတ်ပြီး အကြောဆန့်ထားပေးရပါမယ်။ ဒီပုံအတိုင်း စက္ကန့်အနည်းငယ်ကြာ ထိန်းထားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar