မိန်းကလေးတွေရဲ့အလှက တယောက်နဲ့တယောက်မတူသလို အသားအရေဂရုစိုက်ပေးရာမှာလည်း မတူကွဲပြားမှုတွေ ရှိပါတယ်။ အထူးသဖြင့် ရေမြေဒေသအလိုက် အသားအရေကွာခြားမှုတွေကို လိုက်ပြီး ကိုယ့်အသားအရေကို ဂရုစိုက်ပေးရမယ့်အရာလေးတွေလည်း ကွာသွားပါတယ်။ ဒါကြောင့် ဒီလိုကွဲပြားမှုတွေထဲကမှ မြန်မာအမျိုးသမီးတိုင်းနဲ့ သင့်တော်စေမယ့် ကမ္ဘာတစ်ဝန်းက အလှအပထိန်းသိမ်းနည်းတွေကို ရှာဖွေစုဆောင်းပြီး ဝေမျှပေးလိုက်ပါတယ်နော်။

ကဲ..အသားအရေလေး ကြည်ကြည်တောက်တောက်နဲ့ ဆွဲဆောင်မှုရှိစေချင်ရင်တော့ ဒီနည်းလမ်းလေးတွေက သင့်အတွက်အသုံးဝင်စေမှာ အသေအချာပါပဲ့နော်။

အသားအရေကြည်လင်နုပျိုစေဖို့ ဆန်ဆေးရည်

တရုတ်နိုင်ငံက အမျိုးသမီးတွေဟာ အသားအရေနုပျိုကြပါတယ်။ သူတို့ရဲ့ နုပျိုမှုလျို့ဝှက်ချက်ကတော့ ဆန်ဆေးရေပါ။ ဆန်ကို ရေထဲမှာ မိနစ် ၂၀ စိမ်ထားပေးပါ။ ပြီးတာနဲ့ အပေါ်က အရည်ကို စစ်ချပြီး အဝတ်အစိုနဲ့ ဆန်ကို မျက်နှာမှာ ညင်သာစွာ ၁၀ မိနစ် ပွတ်ပေးရပါမယ်။

မျက်ခုံးကို Threading လုပ်တဲ့နည်း

အခုဆိုရင် မျက်ခုံးကြိုးနဲ့ရိတ်တာက ကျွန်မတို့ဆီမှာလည်း လုပ်လို့ရနေပါပြီ။ ဒီနည်းလမ်းက မျက်ခုံးပုံစံကို ပိုသပ်ရပ်စေပါတယ်။

ချေးချွတ်ဖို့ ဝက်သစ်ချရွက်

ဒီနည်းလမ်းကတော့ ရုရှားနိုင်ငံသူတွေအသုံးပြုတဲ့နည်းလမ်းပါ။ သံလွင်ဆီစိမ်ထားတဲ့ ဝက်သစ်ချရွက်ရေကန်ထဲ စိမ်တာပါ။ ဝက်သစ်ချရွက်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ချွေးပေါက်ပွင့်စေတဲ့ အာနိသင်ပါဝင်ပါတယ်။ ပြီးတာနဲ့ ရေအေးအေးလေးနဲ့ ရေချိုးချလိုက်ပါ။

ဆံသားတောက်ပဖို့ Rosemary အရေ

ဂရိနိုင်ငံသူတွေက ဟိုးအရင်တည်းက ဒီဆံပင်ထိန်းသိမ်းနည်းကို အသုံးပြုခဲ့တာပါ။ Rosemary ရွက်ကို ရေနဲ့ ပြုတ်လိုက်ပါတယ်။ အအေးခံပြီး ဆံသားပေါ် လောင်းချပေးရတာပါ။ Rosemary က ဆံသားကို သန့်ရှင်းစေပြီး ဆံသားတောက်ပြောင်စေပါတယ်။

သဘာဝ Highlight ဆံပင်ပုံစံလေးရဖို့ ဒေစီပန်းအရည်

ဒေစီပန်းတွေကို ရေထဲမှာ ၅ မိနစ်ကြာ ပြုတ်ပေးပါ။ ပြီးတာနဲ့ အအေးခံပြီး ဆံပင်ပေါ်လောင်းပေးပါ။ ဆံပင်ကို ရိုးရိုးအခြောက်ခံပေးရပါမယ်။

လက်သည်းအတွက် သံပယိုရည်

လက်သည်းနီဖျက်ပြီးနောက် ပေါ်လာတတ်တဲ့ လက်သည်းအစလေးတွေအတွက် သံပယိုရည်ကို သုံးနိုင်ပါတယ်။ လက်သည်းနီဖျက်ပြီးနောက် သံပယိုရည်ထည့်ထားတဲ့ ရေနွေးနွေးလေးထဲမှာ မိနစ်အနည်းငယ် ထည့်စိမ်လိုက်ပါ။

သကြားသုံးပြီး အမွှေးဖယ်ရှားနည်း

သကြားက ဖယောင်းသုံးပြီး အမွှေးချွတ်သလိုပဲ အသုံးဝင်ပါတယ်။ အရေပြားနာကျင်မှုလည်းနည်းပါတယ်။ အီဂျစ်နဲ့ အရှေ့အလယ်အပိုင်းတိုင်းပြည်တွေမှာ အသုံးများပါတယ်။ အမွှေးဖယ်ရှားဖို့အတွက် သကြားနဲ့ သံပယိုရည်ကို ရောကျိုပေးရပါမယ်။

နေလောင်တာအတွက် အုတ်ဂျုံ

ဒီနည်းလမ်းကိုတော့ ဘရာဇီးသူတွေအသုံးပြုကြပါတယ်။ အုတ်ဂျုံကို အဝတ်စတစ်ခုထဲထည့်လိုက်ပါ။ ပြီးတာနဲ့ ရေချိုးဇလုံထဲ ထည့်လိုက်ပါ။ ဒီအရေထဲမှာ မိနစ် ၂၀ စိမ်ပေးရပါမယ်။ ကိုယ်စိမ်တဲ့ ရေက ရေအေးဖြစ်ရပါမယ်။

Source: Herbeauty.co