သင့်အနေနဲ့ နာမည်ကျော်တဲ့ Diet နည်းတွေကို အသုံးပြုရင် ကိုယ်အလေးချိန်ကျမယ်။ ခန္ဓာကိုယ်အချိုးအစားလှပမယ်လို့ ထင်ပါသလား။ အဲဒီနည်းလမ်းတွေကလည်း တစ်သက်လုံးမလုပ်နိုင်တော့ ဝိတ်က ပြန်တက်တာပဲ။ ပြီးရင် အားမရှိသလို ခံစားရတာမျိုးဖြစ်နေရင် အဲဒီနည်းလမ်းတွေကို မလုပ်ပါနဲ့တော့။

နည်းလမ်းအသစ်တွေကို ပြောပြပေးပါမယ်။

၁။ သင်လိုက်လုပ်နေတဲ့ Diet Plan က သင့်ခံစားချက်ကို မကောင်းအောင် (သို့) သင့်ကို စိတ်ဆိုးဒေါသထွက်စေတာမျိုး မဖြစ်သင့်ပါဘူး။

ကိုယ်အလေးချိန်လျှော့ချနေချိန်မှာ စိတ်ခံစားချက်မကောင်းတာမျိုးမဖြစ်သင့်ပါဘူး။ သင်စားတဲ့အစားအစာပုံစံက လွတ်လပ်သင့်ပါတယ်။ သင့်ကိုယ်သင် နှိပ်စက်နေတာမျိုးမဖြစ်သင့်ပါဘူး။ အစားလျှော့စားတာထက် အာဟာရပြည့်ပြည့်ဝဝနဲ့ အစားကို အလွန်အကျွံမစားပါနဲ့။

၂။ အစားကို ချင့်ချိန်စားပါ ဒါပေမယ့် အရမ်းမချွေတာပါနဲ့။

သင့်အနေနဲ့ အစားအစာကို ချင့်ချိန်စားတာမျိုးလုပ်နိုင်ပါတယ်။ ဒါပေမယ် အရမ်းချွေတာပြီးစားတာဟာ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ပူပန်းခြင်း၊ ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း၊ ဆံပင်ကျွတ်ခြင်း စတဲ့ ပြဿနာတွေဖြစ်ပေါ်စေပါတယ်။

အကောင်းဆုံးကတော့ အာဟာရပြည့်ပြည့်ဝဝစားပေးဖို့ပါပဲ။

၃။ မှန်ကန်တဲ့ ရည်မှန်းချက်ရှိပါစေ

ပထမဆုံး ပေါင်ဘယ်လောက်ကျရမလဲဆိုတဲ့ ရည်မှန်းချက်ရှိပါစေ။ တစ်ပတ်အတွင်း ၅ ပေါင်လောက်ချမယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး။ တစ်နေ့တာလုံးကို ကျန်းမာအောင်နေပါ။

၄။ သင့်စိတ်စွမ်းအင်ကိုယုံပါ

စိတ်သွားမှ ကိုယ်ပါတာပါ။ စိတ်စွမ်းအင်ဆိုတာ အရမ်းအရေးပါပါတယ်။ ဖြစ်ချင်တဲ့ စိတ်တစ်ခုသာရှိရင် ဖြစ်နိုင်လုပ်နိုင်ပါတယ်။ တခါတလေ Gym မသွားဖြစ်ဘူးဆိုရင်တောင်မှ တက်တက်ကြွကြွနေပါ။ ပျင်းရိတာဟာ သင့်ကိုဗိုက်ပိုဆာစေပါတယ်။

၅။ နည်းနည်းနဲ့များများစားပါ

အစားအစာကို နည်းနည်းနဲ့ အကြိမ်အရေအတွက်များများစားပေးတာဟာ ကိုယ်အလေးချိန်လျှော့ချနေသူအတွက် သိပ်ကိုကောင်းမွန်တဲ့နည်းလမ်းပါ။

၆။ သင်ဝိတ်ချနေတယ်ဆိုတာကို မမေ့ပါနဲ့

သင့်အနေနဲ့ နေ့တိုင်းဝိတ်ချိန်ပါ။ ပြောင်းလဲသွားတာကို မှတ်တမ်းတင်ထားပါ။ ခံစားပါ။ အသင့်စားအစားအစာတွေ စားမိတော့မယ်ဆိုရင် သင်ဝိတ်ချနေတယ်ဆိုတာကို သတိရလိုက်ပါ။

၇။ လေ့ကျင့်ခန်းလုပ်ပါ

ကျန်းမာရေးနဲ့ညီညွှတ်အောင်စားတာဟာ သင့်ကို ကိုယ်အလေးချိန်တက်မလာစေဖို့ ကူညီပေးပါတယ်။ ဒါပေမယ့်လည်း သင့်ရဲ့ကြွက်သားတွေတက်မလာစေသလို၊ ခန္ဓာကိုယ်က ထွက်သင့်တဲ့နေရာမှာလည်းထွက်လာစေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်နေ့ကို နာရီဝက်လောက်အချိန်ပေးပြီး အားကစားလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ တင်ကျစ်ချင်ရင် တင်နဲ့ပတ်သက်တာ၊ ဗိုက်ချပ်ချင်ရင်ဗိုက်နဲ့ပတ်သက်တာလုပ်ရပါမယ်။ လေ့ကျင့်ခန်းလုပ်တာဟာ သင့်ကိုကျန်းမာစေရုံသာမက ပိုမိုလှပတဲ့ ဘဝကိုရရှိစေနိုင်ပါတယ်။