တံတောင်ဆစ်၊ ဒူးဆစ်မဲတာတွေ သက်သာစေဖို့အတွက် လုပ်ရလွယ်ကူပြီး တကယ်လည်း ထိရောက်မှုရှိတဲ့ သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ နည်းလမ်းတွေအများကြီးထဲက ကိုယ်အဆင်ပြေတဲ့တစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

သံပယိုရည်

သံပယိုသီးမှာက vitamin C များစွာပါဝင်လို့ အသားအရေကို exfoliate လုပ်ပေးပြီး မဲတာတွေသက်သာစေကာ အသားအရေ light ဖြစ်လာစေပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ အရမ်းကိုလွယ်ကူရိုးရှင်းပါတယ်။ သံပယိုသီးကို အရည်ရအောင်ညှစ်ချပြီး အဲ့ဒီသံပယိုရည်ကို တံတောင်ဆစ်နဲ့ ဒူးဆစ်မှာ လိမ်းပေးပြီး ၁၀ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေဆေးချပြီး lotion ပြန်လိမ်းပေးထားရုံပါပဲ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကလည်း မဲနေတာတွေ၊ အသားအရောင်မညီတာတွေကို ညီလာအောင် လုပ်ပေးနိုင်ပါတယ်။ လုပ်ရမယ့်နည်းလမ်းကလည်း အရမ်းလွယ်ကူပြီး ရိုးရှင်းပါတယ်။ ရှားစောင်းလက်ပတ်ကိုယူပြီး အတွင်းသားကို ဇွန်းနဲ့ခြစ်ယူပါ။ ပြီးရင် တံတောင်ဆစ်နဲ့ ဒူးဆစ်မှာ ပွတ်လိမ်းပေးပါ။ ပြီးရင် အနည်းဆုံး ၅ မိနစ်ထားပြီးမှ ရေပြန်ဆေးချပြီး lotion ပြန်လိမ်းထားပါ။

သံလွင်ဆီနဲ့သကြား

ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ scrub ဝယ်သုံးနေစရာတောင် မလိုပါဘူး။ တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် လုပ်ပေးရုံနဲ့ တံတောင်ဆစ်၊ ဒူးဆစ်မဲတာတွေ သက်သာစေပါတယ်။ လုပ်ရမယ့်ပုံစံကတော့ သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းကို သကြား – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး တံတောင်ဆစ်နဲ့ ဒူးဆစ်နေရာတွေကို ပွတ်ပေးရမှာပါ။ စက်ဝိုင်းပုံစံပွတ်ပြီး ၅ မိနစ်ထားပါ။ ပြီးမှ ရေနဲ့သေချာဆေးချပြီး lotion ပြန်လိမ်းထားပေးပါ။

မုန့်ဖုတ်ဆိုဒါနဲ့နွားနို့

ဒီနည်းလမ်းကတော့ အသားအရေကို brightening ဖြစ်လာစေမှာမို့ တံတောင်ဆစ်နဲ့ ဒူးဆစ်မဲတာတွေလည်း အမြန်ဆုံး သက်သာစေပါတယ်။ လုပ်ရမယ့်ပုံစံကတော့ မုန့်ဖုတ်ဆိုဒါကို စားပွဲတင်ဇွန်း ၁ ဇွန်းယူပြီး နွားနို့ ၁ ဇွန်းနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေလိုက်ပါ။ ပြီးရင် တံတောင်ဆစ်နဲ့ ဒူးဆစ်မှာလိမ်းပြီး ခဏထားပါ။ ခြောက်သွားပြီဆိုမှ ရေကြက်သီးနွေးနဲ့ ရေဆေးချပြီး lotion ပြန်လိမ်းထားပါ။

Green tea

Green tea က အသားအရေကိုပိုဖြူလာစေပြီး နူးညံ့စေပါတယ်။ ဒါကြောင့် green tea အရည်ကို ဂွမ်းလုံးလေးနဲ့နှစ်ပြီး မဲနေတဲ့ တံတောင်ဆစ်နဲ့ ဒူးဆစ်နေရာတွေကို ပွတ်လိမ်းပေးထားပါ။ တစ်နေ့ကို ၂ ကြိမ် ၃ ကြိမ်၊ နေ့တိုင်းလုပ်ပေးရင် သိသာတဲ့ရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။