အလှကြိုက်တဲ့မိန်းကလေးတွေနဲ့ လက်သည်းရှည်ထားတဲ့ မိန်းကလေးတိုင်းက လက်သည်းလေးတွေကို သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ လက်သည်းကို သေချာဂရုမစိုက်ပဲပစ်ထားရင် လက်သည်းဝါတာ၊ ညစ်တာ၊ ခဏခဏကျိုးပဲ့တာ၊ အရှည်နှေးတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်သည်းလေးတွေမပျက်စီးပဲ အမြဲလှနေအောင်၊ ကျန်းမာနေအောင် ဂရုစိုက်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

လက်သည်းလိမ်းတဲ့ခရင်မ်တွေရှိပါတယ်။ လက်သည်းကို ခရင်မ်လိမ်းတာပဲဖြစ်ဖြစ်၊ အားဖြည့်အဆီလိမ်းတာပဲဖြစ်ဖြစ် နေ့တိုင်းလိမ်းပေးပါ။

လက်သည်းကိုလုံးဝမကိုက်ပါနဲ့။ လက်သည်းကိုက်တတ်တဲ့အကျင့်ရှိရင် ကြိုးစားပြီးရအောင်ပြင်ပါ။ လက်သည်းကိုက်တာက လက်သည်းအလှ အရမ်းပျက်စီးစေပါတယ်။ ကြာရင် လက်သည်းက ပုတိုလေးတွေ ဖြစ်သွားပါလိမ့်မယ်။

လက်ဆွယ်ငုတ်တာလေးတွေကို သေချာလုပ်ပေးပါ။ ဒါမှလက်သည်းက အမြဲလှနေမှာပါ။

လက်သည်းနီမဆိုးခင်မှာ အမြဲတမ်း Base Coat ခံဆိုးပါ။ Base Coat ခံဆိုးတာက လက်သည်းကို လက်သည်းနီတိုက်ရိုက်မထိတွေ့တဲ့အတွက် လက်သည်းပျက်စီးတာ သက်သာစေပါတယ်။

လက်သည်းကျိုးမှာကြောက်ရင်၊ လက်သည်းအလှပျက်မှာကြောက်ရင်တော့ ပန်းကန်ဆေးရင်၊ အဝတ်လျှော်ရင် လက်အိတ်စွပ်ပြီး လုပ်လို့ရပါတယ်။

လက်သည်းနီကို Gel ဆိုးတာ၊ Acrylics ဆိုးတာတွေက လက်သည်းပျက်စီးစေတဲ့အတွက် ခဏခဏမဆိုးတာ ပိုကောင်းပါတယ်။ ဆိုးပြီးရင်လည်း ဖျက်တဲ့အခါ ဆိုင်မှာပဲဖျက်ပါ။ ကိုယ့်ဘာသာကိုယ်ဖျက်ရင် လက်သည်းအရမ်းပျက်စီးပါတယ်။

Source:www.stylecraze.com