မင်္ဂလာပါ ပျိုမေလေးတို့ရေ။ ဝမ်းဗိုက်မှာ အဆီပိုတွေစုပုံနေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။ လေ့ကျင့်ခန်းက တစ်ခုပဲဆိုပေမယ့် နေ့စဉ်နေ့တိုင်း အချိန်ခဏလေးပေးပြီး မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ၃ပတ်အတွင်း ဝမ်းဗိုက်က အဆီတွေကို တာ့တာ ဘိုင်းဘိုင်လို့ နှုတ်ဆက်လို့ရပါပြီနော်။

အဆင့် (၁)

ဒီလေ့ကျင့်ခန်းလေးမလုပ်ခင်မှာ အရင်ဦးဆုံး သွေးပူလေ့ကျင့်ခန်းပြုလုပ်ဖို့ မမေ့ပါနဲ့။ သွေးပူလေ့ကျင့်ခန်းပြုလုပ်ပြီးပြီဆိုရင်တော့ ယောဂဆော့တဲ့ ဖျာပေါ်မှာပဲဖြစ်ဖြစ်၊ ရိုးရိုးဖျာတစ်ခုပေါ်မှာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းပြုလုပ်ဖို့ပြင်ဆင်ပါ။ ဒါမှ သင့်ခြေထောက် နာကျင်မှုမခံစားရမှာပါ။ အဆင်သင့်ဖြစ်ပြီဆိုရင် မတ်မတ်ရပ်ပါ။ သင့်လက်နှစ်ဖက်က ပုံမှာပြထားတဲ့အတိုင်း တင်ပါးပေါ်ထောက်ထားပေးပါ။

အဆင့် (၂)

ဒုတိယအဆင့်အနေနဲ့ ခါးထောက်လျက်သားနဲ့ ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ကားလိုက်ပါ။ ခြေဦးထိပ်က အပြင်သို့ ဦးတည်ထားရပါမယ်။

အဆင့် (၃)

တင်ပါးမှာထောက်ထားတဲ့ လက်နှစ်ဖက်က ဒူးခေါင်းပေါ်တင်လိုက်ပြီး တဖြည်းဖြည်းချင်း ဒူးကွေးလိုက်ပါ။ ဒူးကွေးတဲ့အချိန်မှာ သင့်ကြွက်သားတွေရဲ့ဖိအားကို ခံစားရအောင်လို့ ဖြည်းဖြည်းချင်းကွေးရပါမယ်။

အဆင့် (၄)

နောက်တစ်ဆင့်အနေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို လှည့်ပေးရပါမယ်။ မလှည့်ခင်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့ဘက်သို့ နည်းနည်းကိုင်းချလိုက်ပါ။ ထို့နောက် ပုံမှာပြထားတဲ့အတိုင်း ညာဘက်ပုခုံးကနေ ဘယ်ဘက်သို့ ဝှိုက်ရွေ့လိုက်ပါ။ သင့်ဘယ်ဘက်ပုခုံးက အနောက်ဘက်သို့ ရွေ့နေရပါမယ်။ သင့်ရဲ့ပေါင်ကြွက်သား၊ ခါးနဲ့ ပုခုံးကြွက်သားတွေရဲ့တင်းရင်းမှုကို ခံစားနေရပါလိမ့်မယ်။ ထိုအနေအထားအတိုင်း ၃ စက္ကန့်လောက်နေပါ။

အဆင့် (၅)

၃ စက္ကန့်ပြည့်တဲ့အခါ အဆင့် (၃) က အနေအထားအတိုင်း ပြန်နေပါ။ ထိုအချိန်မှာ အသက်ပြင်းပြင်းနဲ့အသက်ဝဝရှုလိုက်ပါ။

အဆင့် (၆)

အသက်ဝဝရှုပြီးတဲ့အခါ အဆင့် (၄) က ပုံစံအတိုင်း ခန္ဓာကိုယ် ဘက်ပြောင်းပြီး ပြုလုပ်ရပါမယ်။ ဘယ်ဘက်ပုခုံးကိုညာဘက်သို့ ရွေ့ချပြီး ညာဘက်ပုခုံးကတော့ အနောက်ဘက်မှာရှိနေရပါမယ်။ ဘယ် ညာ ကိုတစ်ခေါက်လို့ သတ်မှတ်ပြီး ၁၀ ကြော့ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကို ၃ပတ် (၂၁ ရက်တိတိ) ပြုလုပ်ပေးမယ်ဆိုရင်တော့ ဝမ်းဗိုက်က အဆီပိုတွေကျသွားပြီး ဗိုက်ချပ်ချပ်လေးပိုင်ဆိုင်ရပါလိမ့်မယ်။

Source: Brightside.me