အမဲစက်တွေ ပျောက်ဖို့အတွက် အလွယ်ကူဆုံးနဲ့ ထိရောက်တဲ့ Home Remedies တွေကို မျှဝေပေးလိုက်ပါတယ်။ Remedies တွေ အများကြီးထဲကမှ ကိုယ်နှစ်သက်ရာကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ အဓိကကတော့ ပုံမှန်လုပ်ပေးသွားမှ သက်သာပျောက်ကင်းမှာပါ။
သံပယိုရည်
သံပယိုသီးကို အရည်ညှစ်ချပြီး ရလာတဲ့ သံပယိုရည်ကိုမှ ဂွမ်းလုံးလေးနဲ့တို့ယူပြီး အမဲစက်ပေါ်ကို ပွတ်လိမ်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်လုပ်ပေးရပါမယ်။
ဒိန်ခဲ
ဒိန်ခဲကို မျက်နှာတစ်ပြင်လုံး (သို့) အမဲစက်ပေါ်ပဲဖြစ်ဖြစ် လိမ်းထားပါ။ ၂၅ မိနစ်ထားပြီးမှ မျက်နှာသစ်ပေးရပါမယ်။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရင် အမဲစက်တွေ ပါးပြီးပျောက်လာစေပါတယ်။
ငှက်ပျောသီးနဲ့သခွားသီး
ငှက်ပျောသီးနဲ့ သခွားသီးကို ဆတူရောကြိတ်ပြီး အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့အရည်ကိုမှ သံလွင်ဆီ – ၂ စက်နဲ့ရောပြီး မျက်နှာကိုလိမ်းထားပေးပါ။ မျက်နှာတစ်ပြင်လုံးမလိမ်းချင်ရင် အမဲစက်ပေါ်ပဲ လိမ်းပေးလည်း ရပါတယ်။ ပြီးရင် မိနစ် ၃၀ ထားပြီးမှ မျက်နှာသစ်လိုက်ပါ။
ရှားစောင်းလက်ပတ်ဂျယ်လ်
ရှားစောင်းလက်ပတ်ဂျယ်လ်ကို အမဲစက်ပေါ် တိုက်ရိုက်ပွတ်လိမ်းပေးပြီး ခြောက်သွားရင် ရေနဲ့ပြန်သန့်စင်လိုက်ပါ။ နေ့တိုင်းလုပ်ပေးရင် အမဲစက်တွေပါးပြီး ပျောက်လာမှာပါ။ ရှားစောင်းလက်ပတ်အပင်ကရတဲ့ အတွင်းသားဂျယ်လ်ကိုပဲ သုံးရမှာပါ။
ကြက်သွန်နီ
ကြက်သွန်နီကို သေးသေးလေးတွေလှီးပြီး အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့ ကြက်သွန်နီအရည်ကိုမှ ဂွမ်းလုံးလေးနဲ့ယူပြီး အမဲစက်ပေါ် ပွတ်ပေးပါ။ မိနစ် ၂၀ – ၃၀ လောက်ထားပြီးရင် ရေနဲ့ပြန်သန့်စင်ပေးပါ။ ကြက်သွန်နီဆိုတော့ အနံ့ပြင်းတာကြောင့် မျက်နှာသစ်ဆေးနဲ့ မျက်နှာတစ်ပြင်လုံးကို သစ်လိုက်ရင်တော့ ပိုကောင်းပါတယ်။ တစ်ပတ်တစ်ကြိမ်သာ ပုံမှန်လုပ်ပေးရမှာ ဖြစ်ပါတယ်။