ကမ်းခြေသွားတဲ့အခါ အများစုက ဖက်ရှင်နဲ့ Sunscreen ကို ဂရုစိုက်ကြပေမယ့် ဆံပင်ကို‌ မေ့နေတတ်ကြပါတယ်။ ပင်လယ်ရေ ၊ တိုက်တဲ့လေနဲ့ ကမ်းခြေသဲတွေက ဆံပင်ကို ပျက်စီးစေတာမလို့ ကမ်းခြေသွားတဲ့အခါ ဆံပင်ကိုလည်း ကာကွယ်သလို စတိုင်လည်းကျပြီး ကမ်းခြေနဲ့လိုက်တဲ့ Hair Style တွေကို ဝေမျှလိုက်ပါတယ်။

ဆံပင်အပေါ်ကနေ ဒီလို Bandana လေးအုပ်ပြီးစည်းတာက စတိုင်လည်းကျသလို နေရောင်ကနေလည်း ဆံပင်ကို ကာကွယ်ပေးပါတယ် ။

ဒီလိုမျိုး Headband အကြီးကြီးတွေတပ်တာက လေကြောင့် ဆံပင်တွေပွတာကို ကာကွယ်ပေးသလို ချစ်စရာကောင်းတဲ့ Look မျိုးလေး ဖြစ်စေပါတယ်။

ဒီလိုမျိုး ထိပ်ကနေစပြီးကျစ်တဲ့ Braided Ponytail ကလည်း ဆံပင်ပျက်စီးတာကို ကာကွယ်ပေးတဲ့ စတိုင်ပါပဲ။

ဒါမှမဟုတ် ဒီလို ပုဝါလေးတွေထည့်ပြီး ကျစ်ရင်လည်း အမြင်တမျိုးလေး ဆန်းစေပါတယ် ။

ကပိုကရိုထုံးထားတဲ့ ဒီလိုမျိုးလေးတွေကလည်း ကမ်းခြေနဲ့လိုက်ပြီး ဆံပင်မပျက်စီးအောင် ကာကွယ်ပေးနိုင်ပါတယ် ။

Hair Clip လှလှလေးတွေနဲ့ စုပြီးညှပ်ထားတာကလည်း ရိုးရိုးလေးနဲ့ စတိုင်ကျတဲ့ ပုံစံလေးပါပဲ။