ရှူးဖိနပ်တွေက ဝယ်ထားတာမှ မကြာသေးဘူး အိုဟောင်းနေတဲ့ပုံပေါက်လို့ စိတ်ညစ်နေပါသလား။ ဖိနပ်တွေ တစ်ရံပြီးတစ်ရံ ဝယ်ခြင်းကလည်း ပိုက်ဆံဖြုန်းတီးရာရောက်ပါတယ်။ မိမိမှာ ရှိပြီးသား ရှူးဖိနပ်များကို ဝတ်ချင်တဲ့အချိန်မှာ အသစ်အတိုင်း ဝတ်နိုင်ဖို့ရန်အတွက် အခုဖော်ပြပေးမယ့် နည်းလမ်းများနဲ့ စနစ်တက် ထိန်းသိမ်းပေးနိုင်ပါတယ်။

အမွှေးပွဖြင့် ပြုလုပ်ထားသော ရှူးဖိနပ်များ အရောင်စွန်းသွားသောအခါ

ပေါင်မုန့်ဖြင့် ပွတ်တိုက်ပေးလိုက်တဲ့အခါ အမွှေးပွ (သို့) အဝတ်စဖြင့် ပြုလုပ်ထားသော ရှူးဖိနပ်များ အသစ်အတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။

ပေါင်ဒါ (သို့) Dry Shampoo အသုံးပြုပါ

ရှူးဖိနပ်ထဲသို့ ပေါင်ဒါ ဖြူးထည့်ပေးခြင်းအားဖြင့် ဖိနပ်အနံ့ဆိုးများကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါမှမဟုတ် ခြေဖဝါးပေါ်တွင် Dry Shampoo များ တိုက်ရိုက်ဖြူးပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါနှင့် Hydrogen Peroxide အသုံးပြုပါ

ရှူးဖိနပ်များ အသစ်အတိုင်း သစ်လွင်တောက်ပြောင်နေဖို့ရန်အတွက် မုန့်ဖုန်ဆိုဒါနဲ့ Hydrogen Peroxide တို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဖိနပ်ပေါ် ပွတ်တိုက်ပေးကာ ၂ နာရီခန့် အခြောက်ခံလိုက်ပါ။ ခြောက်သွားပြီဆိုရင်တော့ အသာအယာဖယ်ရှားလိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ သင့်ရှူးဖိနပ်က အသစ်အတိုင်း သစ်လွင်တောက်ပြောင်သွားပါပြီ။

လက်ဖက်ခြောက်အိတ် အသုံးပြုပါ

သင့်ရှူးဖိနပ်က အနံ့ နံနေတယ်ဆိုရင်တော့ ရှူးဖိနပ်ထဲ လက်ဖက်ခြောက်အိတ် ထည့်ထားပေးလိုက်ပါ။ လက်ဖက်ခြောက်အိတ်က အနံ့အသက်ဆိုးများကို စုပ်ယူပေးနိုင်ပါတယ်။

အုတ်ဂျုံ အသုံးပြုပါ

ချည်မျှင် (သို့) အမွှေးပွဖြင့် ပြုလုပ်ထားသော ရှူးဖိနပ်တွေပေါ်မှာ ဆီစွန်းသွားတဲ့အခါ ထိုအစွန်းအထင်းကို ဖယ်ရှားပေးနိုင်မယ့် နောက်တစ်နည်းကတော့ အုတ်ဂျုံလေး ဖြူးပေးရမှာဖြစ်ပါတယ်။ မိနစ်အနည်းငယ်ကြာတဲ့အခါ ဆီစွန်းနေတဲ့အကွက်က ထူးဆန်းစွာ ပျောက်ကွယ်သွားတာကို တွေ့ရပါလိမ့်မယ်။

ဆံပင်ပျော့ဆေး အသုံးပြုပါ

ဆံပင်ပျော့ဆေးအနည်းငယ်သုံးကာ သားရေရှူးဖိနပ်ပေါ် ပွတ်တိုက်ပေးလိုက်မယ်ဆိုရင် သင့်ရှူးဖိနပ်လေးက အသစ်အတိုင်း သစ်လွင်တောက်ပနေမှာပါ။

လက်သည်းဖျက်ဆေး အသုံးပြုပါ

ဂွမ်းစလေးပေါ်မှာ လက်သည်းဖျက်ဆေးအနည်းငယ် ထည့်ပြီးနောက် ညစ်ပတ်သော ဖိနပ်ပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။ သင့်ဖိနပ်က ဖြူဝင်းတောက်ပတာကို တွေ့ရပါလိမ့်မယ်။

ဆပ်ပြာတုံး ထည့်ထားပါ

သင့်ရှူးဖိနပ်က အနံ့အသက်ဆိုး ထွက်နေတယ်ဆိုရင် လက်ဖက်ခြောက်အိတ် ထည့်ထားနိုင်တယ်လို့ အပေါ်မှာ ဖော်ပြပြီးဖြစ်ပါတယ်။ လက်ဖက်ခြောက်အိတ် အဆင်သင့်မရှိပါက ဆပ်ပြာတုံးတစ်တုံး ထည့်ထားပေးနိုင်ပါတယ်။

သတင်းစာစက္ကူ အသုံးပြုပါ

သတင်းစာစက္ကူကို လုံးချေပြီးနောက် သားရေရှူးဖိနပ်များကို ပွတ်တိုက်ကာ ဖိနပ်များ တောက်ပြောင်လာအောင် ပြုလုပ်နိုင်ပါတယ်။

Source: Brightside.me