လူငယ်ကစပြီး လူလတ်ပိုင်း၊ လူကြီးပိုင်းအထိ ပြင်ဆင်လို့ရတဲ့ Makeup Look တစ်ခုကို မျှဝေပေးချင်ပါတယ်။ အဲ့ဒါကတော့ ပြင်ဆင်ရတာလွယ်ကူပြီး အရမ်းလည်းလှတဲ့ Instagram Makeup Look ပြင်နည်းပဲ ဖြစ်ပါတယ်။ ရှင်းရှင်းလေးနဲ့လှနေတာမျိုးဖြစ်လို့ နေ့တိုင်းပြင်ဆင်ဖို့အတွက်လည်း အဆင်ပြေပါတယ်။

Makeup မပြင်ခင်မှာ အရင်ဆုံး Toner, Moisturizer, Sunscreen လိမ်းပေးဖို့ မမေ့ပါနဲ့။ ညနေဘက်ကစပြီး Sunscreen လိမ်းစရာမလိုပါဘူး။

Natural ဆန်ပြီးလှတာမျိုးလေးကြိုက်ရင် Foundation ကို ပါးပါးကြည်ကြည်လေးဖြစ်တာ၊ Glow စေတာမျိုးကို ရွေးသုံးပေးပါ။

မျက်ကွင်းညိုတဲ့နေရာနဲ့ နှာတံ၊ နဖူးအလယ်၊ မေးစိကို Concealer နည်းနည်းစီလိမ်းပေးပါ။ ဒါမှ အဲ့နေရာလေးတွေလင်းပြီး ပိုလှမှာပါ။

ပါးနီကိုတော့ Liquid Type ပန်းရောင်လေးသုံးထားပါတယ်။

ပါးနီလိမ်းပြီးမှ Powder ကို Brush နဲ့ယူပြီး လိမ်းပေးပါ။ အများကြီးမလိမ်းပါဘူး။

မျက်ခုံးမွှေးဆွဲပါမယ်။ ပြီးရင် Brow Mascara နဲ့ဖြီးပါမယ်။ ဒါမှ Instagram Look လေးဖြစ်မှာပါ။

အညိုရောင် Eyeshadow ကို မျက်ခွံမှာခြယ်ပါမယ်။

Glitter Eyeshadow အသားရောင်လေးကို လက်နဲ့ယူပြီး မျက်ခွံအလယ်လောက်လေးမှာ ခြယ်ပေးပါ။ မျက်လုံးအောက်နားလေးကိုတော့ Brush အပြားလေးနဲ့ ခြယ်ပေးပါ။

Instagram Look တွေက မျက်တောင်ရှည်ပြီး ကော့နေတာမျိုးလေးပါ။ ဒီလိုဖြစ်အောင်ဆိုရင် Eyelash Curler နဲ့ မျက်တောင်ကိုညှပ်ပြီး ကော့ပေးပါ။ ပြီးမှ Mascara နဲ့ သေချာဖြီးပြီးကော့ပေးပါ။

နှုတ်ခမ်းနီကို Lip Gloss အညိုလေးဆိုးပါမယ်။

ဒါဆိုရင်တော့ ပြင်ဆင်ရတာလွယ်ကူပြီး အရမ်းလည်းလှတဲ့ Instagram Makeup Look ကို ရရှိသွားပါပြီ။