မနက်ပိုင်းမှာ လှုပ်လှုပ်ရှားရှားလေး နေလိုက်တာကြောင့် တစ်နေ့တာအတွက် ပေါ့ပါးသွက်လက်လာစေပါတယ်။ သွေးပူလုပ်ရုံနဲ့တင် လုံလောက်ပါတယ်။ သင်က မနက်ပိုင်းမှာ လေ့ကျင့်ခန်း လုပ်တတ်သူဆိုရင် အရင်ကထက် စိတ်ဖိစီးမှုနည်းပြီး ပိုပျော်ရွှင်လာတာကိုလည်း သတိထားမိပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ ငါးမိနစ် အချိန်ပေးရုံနဲ့ ချွေးထွက်ပြီး လန်းဆန်းလာဖို့ လေ့ကျင့်ခန်းတွေကို ဖော်ပြပါရစေ။ ဒီလေ့ကျင့်ခန်းတွေက လှပတဲ့ ခန္ဓာကိုယ် တည်ဆောက်တဲ့ နေရာမှာလည်း အထောက်အပံ့ဖြစ်စေမယ့် လေ့ကျင့်ခန်းတွေပါ။

၁။ Jumping Jack

Photo Source: Chelsea Charms

လက်နှစ်ဖက်ကို ဘေးမှာကပ်ထားပေးရပါမယ်။ ခုန်တဲ့အချိန်မှာတော့ လက်ကော ခြေထောက်ပါ ကားပေးရပါမယ်။ ဒါကို အခါ ၂၀ လုပ်ပေးရပါမယ်။

၂။ Squat

Photo Source: Gfycat

ထိုင်ထလုပ်တဲ့အခါ တင်ပါးကို အားပြုပြီး ထိုင်ချရပါမယ်။ အခါ ၂၀ ထိုင်ထ လုပ်ပေးရပါမယ်။

၃။ Arm Circles

Photo Source: Gfycat

ဒီလေ့ကျင့်ခန်းကတော့ လက်မောင်းအဆီကျပြီး ပေါ့ပါးသွက်လက်စေပါတယ်။ လက်မောင်းကို ရှေ့ အခါ ၂၀ နောက် အခါ ၂၀ စက်ဝိုင်းပုံစံ ဝိုက်ပေးရပါမယ်။

၄။ Knee Push Up

Photo Source: Pinterest

ဒါကတော့ ဒိုက်မထိုးတတ်တဲ့ မိန်းကလေးတွေနဲ့ သင့်တော်ပါတယ်။ ဒူးထောက်ပြီး ဒိုက်ထိုးပေးရမှာပါ။ ၁၀ ခါ လုပ်ပေးရပါမယ်။

၅။ Plank

Photo Source: Popsugar

ခန္ဓာကိုယ်ကို တစ်ဖြောင့်တည်းထားကာ တံတောင်နဲ့ ဗိုက်သားကို အားပြုပြီး Plank ထောက်ပေးရပါမယ်။ စက္ကန့် ၃၀ ထောက်ပေးရပါမယ်။

By MyStyle Myanmar