ဗိုက်အဆီကျချင်တဲ့သူတွေအတွက် အလွယ်ကူဆုံး Aerobic Exercise တွေကို မျှဝေပေးလိုက်ပါတယ်။ တစ်နေ့ကို တစ်နာရီလောက်ပဲဖြစ်ဖြစ် အချိန်ပေးပြီး ပုံမှန်လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Stair Exercise

လှေကားကို တက်လိုက်ဆင်းလိုက်နဲ့လုပ်ပေးရမယ့် Stair Exercise ဖြစ်ပါတယ်။ တစ်နေ့ကို ၁၅ ကြိမ်ကနေ အကြိမ် ၂၀ အထိ လုပ်ပေးနိုင်ပါတယ်။ နေ့တိုင်းသာ ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ ဗိုက်အဆီကျစေရုံတင်မကပဲ ခန္ဓာကိုယ်ရှိ မလိုအပ်တဲ့အဆီပိုတွေကိုပါ ဖယ်ရှားပေးနိုင်လို့ ဝိတ်ကျချင်နေတဲ့သူတွေအတွက်လည်း ကွက်တိပါပဲ။

ကြိုးခုန်ခြင်း

ကြိုးခုန်တာကလည်း ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကိုဖယ်ရှားပေးမယ့် Aerobic Exercise တွေထဲက တစ်ခုပါပဲ။ ၄၅ မိနစ် ကြိုးခုန်ပေးခြင်းက ကယ်လိုရီ ၄၅၀ ကို လောင်ကျွမ်းစေပါတယ်။

Crunches

ဗိုက်အဆီကျစေဖို့ဆို လုပ်ကိုလုပ်ရမယ့် Exercise ဖြစ်ပါတယ်။ ဒူးထောင်ပြီး လက်ဖဝါးနှစ်ဖက်ကို ခေါင်းနောက်မှာထားလှဲနေပါ။ ပြီးရင်တော့ ခန္ဓာကိုယ်အပေါ်ပိုင်းကို အားပြုပြီး ဒုတိယပုံထဲကလောက် ထပေးပါ။ ဒီလိုထတဲ့အချိန်မှာ ခြေထောက်ကို ကြမ်းနဲ့ကပ်ထားရပါမယ်။ လုံးဝကြွလာလို့ မရပါဘူး။ အနည်းဆုံး အကြိမ် ၃၀ လုပ်ပေးရပါမယ်။

Jogging

Jogging လို့ခေါ်တဲ့ အနှေးလမ်းလျှောက်ပေးခြင်းကလည်း အဆီပိုတွေကိုလောင်ကျွမ်းစေပြီး ဗိုက်အဆီကျစေပါတယ်။ မိနစ် ၃၀ ကနေ တစ်နာရီအထိ ကိုယ်လျှောက်နိုင်သလောက် လျှောက်ပေးနိုင်ပါတယ်။

Running

ပြေးတဲ့လေ့ကျင့်ခန်းကလည်း ဝိတ်ကျစေပါတယ်၊ ကယ်လိုရီတွေလောင်ကျွမ်းစေလို့ အဆီပိုတွေကျသွားစေပါတယ်။ ခုနက Jogging နဲ့ Running ထဲက ကိုယ်နှစ်သက်ရာတစ်မျိုးကို ရွေးလုပ်လို့ရပါတယ်။

Squat Jumps

Squat Jumps လုပ်ပေးခြင်းက အဆီပိုတွေ၊ ဗိုက်အဆီတွေကျစေပြီး တင်ထွက်စေပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ထိုင်နေရာကနေ ခုန်ပြီးထရမှာမျိုးပါ။ မရပ်ပဲ ဆက်တိုက် ၁၀ ကြိမ်လုပ်၊ ခဏရပ် ပြီးရင် ၁၀ ကြိမ် ဆက်တိုက်ထပ်လုပ်ပါ။ စုစုပေါင်း အကြိမ် ၃၀ တော့ လုပ်ပေးရပါမယ်။

Zumba

Zumba လုပ်ပေးခြင်းက ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းစေပြီး ကခုန်နေရတာဖြစ်လို့ အဆီပိုတွေကျစေပါတယ်။ ဗိုက်အဆီတွေလည်း မြန်မြန်ကျစေပါတယ်။