ဗိုက်ချပ်ရုံတင်မဟုတ်ပဲ Abs ပါ ထွက်ချင်တဲ့ မိန်းကလေးတွေအတွက် အိမ်မှာ အလွယ်တကူလိုက်လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

ပထမပုံထဲကလို အနေအထားနဲ့စနေပြီး ဒုတိယပုံထဲကလို လက်နှစ်ဖက်ကိုဆန့်ပြီး အရှေ့ကို ကုန်းထရပါမယ်။ နောက်ပြန်လဲလိုက်၊ ပြန်ထလိုက်နဲ့ ဆက်တိုက် အကြိမ် ၅၀ ပြည့်အောင် လုပ်ရပါမယ်။

ပထမပုံထဲကလို အနေအထားနဲ့စနေပြီး စက်ဘီးစီးတဲ့ပုံစံ လေ့ကျင့်ခန်းလုပ်ပေးရမှာပါ။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ အကြိမ် ၅၀ ပြည့်အောင် ဆက်တိုက်လုပ်ပေးပါ။

ပထမပုံထဲကလို အနေအထားနဲ့ စထိုင်ပြီး ခါးကိုတစ်ဖက်လှည့်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်ပါ။ ပြီးရင် အရှေ့ကို ပြန်ဆန့်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ အကြိမ် ၅၀ ပြည့်အောင် လုပ်ရပါမယ်။

ပထမပုံထဲကလို အနေအထားနဲ့စနေပါ။ ပြီးရင်တော့ ခြေထောက်ကို တစ်ဖက်ချင်းစီ အောက်ချလိုက်၊ ပထမပုံထဲကလို ပြန်ထားလိုက်နဲ့ ဘယ်ညာတစ်လှည့်စီ အကြိမ် ၅၀ ပြည့်အောင် လုပ်ပေးပါ။

အရင်ဆုံး ပထမပုံထဲကလို လက်တွေ၊ ခြေထောက်တွေကို ဆန့်ထုတ်ပြီး လှဲနေပါ။ ပြီးတာနဲ့ ဒုတိယပုံထဲကလို ဘယ်ခြေထောက်ကိုမြှောက်ပြီး ညာလက်နဲ့ ယှက်ထိသလို လုပ်ပေးပါ။ အဲ့့အတိုင်း ဘယ်ညာတစ်လှည့်စီ အကြိမ် ၅၀ ပြည့်အောင် လုပ်ပေးပါ။

ပုံထဲကလို အနေအထားနဲ့ ခြေထောက်ကို ချိတ်ထားပြီး လက်တစ်ဖက်ကိုဘေးချ၊ လက်တစ်ဖက်ကို ခေါင်းနောက်မှာထားပြီး ကုန်းထပါ။ အဲ့အတိုင်း အကြိမ် ၅၀ ပြည့်အောင်လုပ်ပါ။ အကြိမ် ၅၀ ပြည့်မှ ဘယ်ညာပြောင်းပြီး အဲ့အတိုင်း ထပ်လုပ်ပါ။

ပုံမှာပြထားတဲ့အနေအထားနဲ့နေပြီး လက်နှစ်ဖက်ကိုတော့ လက်ဝှေ့ထိုးသလို လက်သီးဆုပ်ပြီး ဘယ်ညာတစ်လှည့်စီ ဆန့်ထုတ်ပေးပါ။ အဲ့အတိုင်း အကြိမ် ၅၀ ပြည့်အောင်လုပ်ရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နှစ်ဖက်ကိုမြှောက်ပြီး လက်နှစ်ဖက်ကိုဆန့်ကာ ကုန်းထပေးပါ။ အဲ့အတိုင်း အကြိမ် ၅၀ လုပ်ပေးပါ။

Source: www.fitnessblender.com