အပူချောင်းတွေသုံးပြီး ဆံပင်ကောက်တာက ဆံသားထိခိုက်ပျက်စီးပါတယ်။ တစ်ခါတစ်လေမှာ အပြောင်းအလဲလေးဖြစ်အောင် ဆံပင်ကောက်ချင်တဲ့သူတွေအတွက် အပူချောင်းမလိုပဲ လှပတဲ့ဆံပင်အကောက် ၂ မျိုး ကောက်လို့ရမယ့် နည်းလမ်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။

Beach Wave

ဆံပင်နှစ်ဖက်ကိုခွဲပြီး လက်နဲ့ပဲ လိမ်လိုက်ပါ။ ပြီးရင် ခေါင်းပေါ်မှာ ဟိုဘက်ဒီဘက်ယှက်ပြီး ကလစ်နဲ့ထိုးလိုက်ပါ။ ပြီးတာနဲ့ အဲ့အတိုင်းပဲ ညအိပ်လိုက်ပါ။ မနက်ရောက်မှ ဖြည်ချလိုက်မယ်ဆိုရင်တော့ ပြေပြေလေးနဲ့ကောက်တဲ့ Beach Wave ဆံပင်အကောက်လေး ဖြစ်သွားမှာပါ။

အလိပ်ကြီး

ဆံပင်ကို အမြင့်တင်းကျပ်နေအောင် စည်းလိုက်ပါ။ စည်းထားတဲ့ဆံပင်တွေကိုမှ နည်းနည်းစီယူပြီး ပြန်ပတ်ကာ ကလစ်နဲ့ထိုးထားပါ။ အားလုံးထုံးပြီးသွားရင် Spray ဘူးထဲ ရေထည့်ပြီး ဆံပင်ကို ဖြန်းလိုက်ပါ။ ရေခြောက်သွားရင် ဖြည့်ချလိုက်ပါ။ ဒါဆိုရင်တော့ လှပတဲ့ ဆံပင်အလိပ်ကြီးလေး ဖြစ်သွားမှာပါ။

Source: www.blossom