အင်္ကျီတွေဝယ်ထားပြီး အပြင်သွားရင် ဝတ်စရာမရှိဘူးအော်နေတဲ့သူတွေနဲ့၊ မဝတ်ပဲပစ်ထားတဲ့ အဝတ်အစားတွေ များနေသူများအတွက် ငွေကုန်သက်သာပြီး အင်္ကျီအသစ်လေးရသွားအောင် ကိုယ့်မှာရှိတဲ့ အင်္ကျီတွေကို အသစ်ဖြစ်သွားအောင် ဒီဇိုင်းပြောင်းလဲနည်းကို မျှဝေပေးလိုက်ပါတယ်။
ရိုးရိုးခေါင်းစွပ်အင်္ကျီလေးကို ဒီတိုင်းမဝတ်ချင်တော့ရင် လက်နှစ်ဖက်ကို ညှပ်ထုတ်လိုက်ပါ။ ပြီးရင် ထိပ်နားလေးကို ပုံမှာပြထားတဲ့အတိုင်း ညှပ်ထုတ်လိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း ထိပ်နားလေးကို အတွင်းဘက်ကို ခေါက်ပြီး အိပ်ချည်နဲ့ ချုပ်ပေးပါ။
ခုနကညှပ်ထုတ်လိုက်တဲ့အစကို လုံးပြီး ကြိုးပုံစံလေးလုပ်ထားပါ။ ပြီးရင်တော့ အိပ်နဲ့တွဲပြီး ခုနကခေါက်ချုပ်လိုက်တဲ့ အတွင်းကို ထိုးထည့်ပါ။ ပြီးရင်တော့ ကြိုးနှစ်ဖက်ကို စုချည်လိုက်ပါ။ ဒါဆိုရင်တော့ ကြိုးတစ်လုံးလက်လေးဖြစ်သွားမှာပါ။
နောက်ဆုံးမှာတော့ ရိုးရိုးခေါင်းစွပ်အင်္ကျီလေးကနေ ချစ်စရာကောင်းတဲ့ ကြိုးတစ်လုံးအင်္ကျီလေးအဖြစ်ကို ပြောင်းလဲသွားပါပြီ။ အင်္ကျီဒီဇိုင်း အသစ်လေးဖြစ်သွားတဲ့အတွက် သဘောကျနှစ်သက်မှာ သေချာပါတယ်။
တီရှပ်ဗြောင်ဖြစ်နေလို့ မဝတ်ချင်ဘူးဆိုရင်လည်း စာလုံးလေးတွေရေးထားတဲ့ စာရွက်ကိုယူပြီး တိတ်မှာကပ်လိုက်ပါ။ ပြီးရင် ရေစိမ်ပြီး စာရွက်တွေကို ခွာလိုက်ပါ။ ဒါဆို တိတ်မှာ စားသားတွေက ကပ်သွားမှာပါ။ ပြီးရင်တော့ အင်္ကျီကပ်တဲ့ကော် fabric glue ကို အဲ့တိတ်မှာ သုတ်ပေးလိုက်ပါ။ ပြီးရင်တော့ ကိုယ်ကပ်ချင်တဲ့အင်္ကျီမှာ ကပ်လိုက်ရုံပါပဲ။
ဒါဆိုရင်တော့ ရိုးရိုးတီရှပ်ဗြောင်ကနေ ချစ်စရာကောင်းတဲ့ စာသားနဲ့တီရှပ်အင်္ကျီလေး ဖြစ်သွားမှာပါ။
Source: www.5minutecraftsgirly