ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်… နေ့စဉ် ထသွားထလာ မိတ်ကပ်လိမ်းကြတဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါးလေးနဲ့ သင့်ရဲ့ သွင်ပြင် အလှကို ပိုပြီးပေါ်လွင်စေမယ့် အခြေခံ မိတ်ကပ်လိမ်းရာမှာ အသုံးပြုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ Eyeliner ဆိုးတဲ့အခါ

Eyeliner ဆိုးတဲ့အခါ မျက်ခွံအပေါ်ကိုပဲ မဆိုးဘဲ အတွင်းပိုင်းအထိ ဆိုးပေးသင့်ပါတယ်။ ဒါမှ သင့်မျက်လုံးက ပိုပြီး ပြည့်ပြီး ပိုလှစေမှာဖြစ်ပါတယ်။

၂။ မျက်ခုံးမွှေးဆွဲတဲ့အခါ

မျက်ခုံးမွှေးကို ပိုပြီးပုံပေါ်သွားအောင် မျက်ခုံးမွှေး အပေါ်နဲ့ အောက်ကို Concealer နဲ့ ပုံဖော်ပေးပါ။

၃။ Contour သုံးတဲ့အခါ

သင့်ရဲ့ ပါးရိုးပိုပြီးပေါ်သွားအောင် ပိုပြီးထင်ရှားသွားအောင်နဲ့ မျက်နှာလေးသွယ်သွားအောင် Contour လုပ်ပေးနိုင်ပါတယ်။ ပြီးရင်တော့ မျက်နှာကျပုံလေး ပိုပေါ်သွားအောင် ပေါင်ဒါလေးနဲ့ ထပ်ပြီးဖြည့်ပေးလိုက်ပါ။

၄။ Highlight လုပ်တဲ့အခါ

သင့်မျက်နှာကို ပိုပြီးပေါ်လွင်ပြီး ပိုလှသွားအောင် နှာတံ၊ ပါးပြင်၊ မေး ၊ နဖူး စတဲ့နေရာတွေကို သေချာလေး Highlight လုပ်ပေးသင့်ပါတယ်။

၅။ ပေါင်ဒါသုံးမယ်

Setting ပေါင်ဒါကို သင့်မျက်လုံးအောက် နဖူး၊ နှာတံ၊ မေးရိုး၊ ပါးရိုးအောက်မှာလိမ်းပေးပြီးသေချာ Blend လုပ်လိုက်ပါ။

၆။ နှုတ်ခမ်းနီ

နှုတ်ခမ်းနီကို ပြည့်ပြည့်ဖူးဖူးလေးဖြစ်အောင် အပြင်ဖက်ကို အရောင်ရင့်ရင့် အတွင်းဖက်ကို အရောင်ပိုနုတာလေး ဆိုးနိုင်ပါတယ်။