လက်သည်းပုံဖော်ရတာကို ဝါသနာပါတဲ့ မိန်းကလေးတိုင်းအတွက် သွားကြားထိုးတံကိုသုံးပြီး အလွယ်တကူပုံဖော်လို့ရမယ့် လက်သည်းပုံဖော်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဆိုင်သွားလို့အဆင်မပြေတဲ့အချိန်တွေနဲ့ ဆိုင်မသွားချင်တဲ့အခါမျိုးမှာဆိုရင် အိမ်မှာပဲ ကိုယ်တိုင်အလွယ်တကူ ပုံဖော်လို့ရတာကြောင့် ဝါသနာပါရင် Try ကြည့်သင့်ပါတယ်။ အရမ်းလည်းလွယ်ကူပါတယ်။

လက်ညှိုးကို nude ကာလာလေးဆိုးပြီး ခြောက်သွားရင် လက်သည်းနီအဖြူရောင်ကို သွားကြားထိုးတံနဲ့ယူပြီး လက်သည်းထိပ်လေးမှာ ပန်းပွင့်ပုံလေးလုပ်ပေးပါ။ ပန်းပွင့်လိုပုံစံလေးဖြစ်သွားရင်ရပြီမို့ ခက်ခက်ခဲခဲလုပ်နေစရာမလိုပါဘူး။

လက်ခလယ်ကိုလည်း nude ကာလာဆိုးပြီး လက်သည်းတစ်ဝက်ကို အဖြူရောင်လေး ထပ်ဆိုးပေးပါ။ ပြီးရင် သွားကြားထိုးတံနဲ့ လက်သည်းနီအဝါရောင်ကိုယူပြီး ပုံမှာ တစ်ဆင့်ချင်းစီပြထားတဲ့အတိုင်း အစက်လေးတွေချပေးပါ။ အောက်နားလေးကို လက်သည်းနီငွေရောင်လေးနဲ့ ပိတ်ပေးပါ။ မညီရင်ပိုလှပါတယ်။

လက်သန်းကြွယ်ကို အဖြူရောင်ဆိုးပြီး လက်သည်းနီအဝါကို ပုံမှာပြထားတဲ့အတိုင်းလေး မညီမညာတစ်ကွက် ထပ်ဆိုးပေးပါ။ ပြီးမှ သွားကြားထိုးတံနဲ့ လက်သည်းနီအမဲကိုယူပြီး ဘေးပတ်ပတ်လည်ကို လိုက်ဆွဲပေးပါ။ အစွန်းထွက် ၂ ချောင်းဆွဲပြီး အထဲမှာ မျက်လုံးလုပ်ဖို့ အစက်လေး ၂ စက် ချပါ။ သွားကြားထိုးတံနဲ့ nude ကာလာလေးကိုယူပြီး ပါးစပ်ပုံအတွက် အစက်လေးပဲချပါ။

လက်သန်းမှာတော့ အသားရောင်ကိုမှ အရောင်အရမ်းနုတာလေးကိုယူပြီး ဆိုးပေးပါ။ လက်သည်းနီအဝါနဲ့ မိုးပြာရောင် (သို့) ခဲရောင်အနုလေးကို သွားကြားထိုးတံနဲ့ယူပြီး ပုံမှာပြထားတဲ့အတိုင်း အစက်လေးတွေ လိုက်ချပေးပါ။

လက်မကိုလည်း လက်သန်းမှာဆိုးထားတဲ့အရောင်ပဲ ဆိုးပေးပါ။ အစက်ချတဲ့အတံကြီး (သို့) သွားကြားထိုးတံနဲ့ပဲ လက်သည်းနီအဝါရောင်ကိုယူပြီး အစက်ကြီးကြီးလေးချပေးပါ။ အလယ်မှာမှ လက်သည်းနီအမဲကို သွားကြားထိုးတံနဲ့ယူပြီး မျက်လုံးပုံ အစက်လေး ၂ စက်ချပေးပါ။ သွားကြားထိုးတံနဲ့ပဲ လက်သည်းနီ nude ကာလာကိုယူပြီး နှုတ်ခမ်းပုံအစက်လေးပဲချပေးပါ။

လက် ၅ ချောင်းလုံးပြီးသွားပြီဆိုရင်တော့ အပေါ်ကနေ top coat လေးထပ်ဆိုးပေးပါ။

ဒါဆိုရင်တော့ လုပ်ရတာအရမ်းလွယ်ကူပြီး ချစ်စရာလည်းကောင်းတဲ့ လက်သည်းပုံလေးကို ရရှိသွားပါပြီ။

source:www.cutepolish