ခြေဖနောင့်ကြမ်းတမ်းပြီး အက်ကွဲနေတဲ့သူတွေအတွက် ခြေဖနောင့်အက်ကွဲတာတွေ အမြန်ဆုံးပျောက်အောင် အိမ်မှာလုပ်လို့ရတဲ့ အလွယ်ကူဆုံးနည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

ခြေထောက်ကို Scrub လုပ်ရင် ခြေဖဝါးတွေ၊ ခြေဖနောင့်တွေကိုပါ သေချာလုပ်ပေးပါ။ တစ်ပတ်တစ်ခါလုပ်ပေးပါ။ Scrub မရှိရင် ပျားရည်၊ သကြားနဲ့ သံပယိုရည်ကို ရောမွှေပြီး Scrub အဖြစ်နဲ့ ပွတ်တိုက်လို့ရပါတယ်။

နေ့တိုင်း ညအိပ်ယာဝင်ခါနီးတိုင်းမှာ ခြေထောက်ဆေးပြီး Foot Cream (သို့) Lotion လိမ်းပေးပါ။ ခြေဖနောင့်နဲ့ ခြေဖဝါးကို သေချာနှိပ်နယ်ပြီး လိမ်းပေးပါ။

၃ ရက် တစ်ခါ၊ ၅ ရက် တစ်ခါလောက် ခြေထောက်ကို ရေနွေးနဲ့ ဆားနဲ့ စိမ်ပေးပြီး ခြေဖနောင့်တွေကို သေချာ ပွတ်တိုက်ပေးပါ။ ခြေထောက်တိုက်တဲ့ ကျောက်တုံးတို့၊ Brush တို့နဲ့ တိုက်လို့ရပါတယ်။

ဒီ ၃ မျိုးကိုသာ ပုံမှန်အမြဲလုပ်ပေးသွားရင် ခြေဖနောင့်အက်ကွဲတာတွေက သိသိသာသာကို ပျောက်သွားပါလိမ့်မယ်။