အလုပ်များတယ်။ အချိန်ယူပြီး အလှပြင်ဖို့ မအားဘူးဆိုတဲ့ ပျိုမေတို့အတွက် မျက်လုံးချယ်သနည်းကို မျှဝေပေးလိုက်ပါတယ်။

ချယ်ထားတယ်လို့မထင်ရအောင်။ ပြီးတော့ သဘာဝအတိုင်းလည်း လှနေအောင်။ အိုဗာဖြစ်သွားအောင် စဉ်းစားပြီး ရွေးချယ်ဖော်ပြလိုက်ပါတယ်။

မျက်ခုံးမွှေးဆွဲတံကို အသုံးပြုရမှာပါ။

မျက်ခုံးမွှေးဆွဲတံကို အခုပုံမှာပြထားတဲ့အတိုင်း ဘေးအစွန်းတစ်ချက်ခြစ်လိုက်ပါ။

နောက်တစ်ချက် လိုက်ခြစ်ပါ။

ပြီးရင် ခြစ်ထားတဲ့အစွန်တစ်ခုကနေ မျက်ခွံအလယ်ကို တစ်ခေါက်ခြစ်ပါ။

နောက်တစ်ခေါက်ထပ်ဆွဲပါ။

လက်နဲ့ ခဲရာမကျန်အောင် ဖွဖွလေးဖျက်ပေးပါ။

ပြီးရင် မျက်လုံးအောက်မှာ ခပ်ပါးပါးထပ်ဆိုးပေးပါ။

ပြီးရင် လက်ညိုးနဲ့ ဖျက်လိုက်ပါ။

အဲဒီနောက် မျက်တောင်ကော့တံသုံးပါ။