မင်္ဂလာပါ MyStyle Myanmar ကိုအားပေးကြတဲ့ပျိုမေတို့ရေ။ ဒီတစ်ခါတော့ အဝတ်အစား မဟုတ်ဘဲ မိန်းကလေးတွေအတွက် အရေးပါတဲ့ ပစ္စည်းတစ်မျိုးအကြောင်းပြောပါ့မယ်။ လှပတဲ့နားကပ်တစ်စုံက ပျိုမေတို့အလှကို ပံ့ပိုးပေးပါတယ်။

ပြီးတော့ သင့်ကို ယုံကြည်မှုလည်း တိုးစေပါတယ်။ ဒီတော့ ပျိုမေတို့မှာ ရှိထားသင့်တဲ့ နားကပ်ပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပုလဲနားကပ်

Source: Pinterest

ပုလဲနားကပ်က အင်္ကျ ီပုံစံမျိုးစုံနဲ့ လိုက်ဖက်မှုရှိပါတယ်။ လွတ်လွတ်လပ်လပ် ဂျင်းအင်္ကျ ီ တီရှပ်နဲ့ဝတ်မလား။ ပွဲလမ်းသဘင်တွေကို ကျက်သရေရှိရှိနဲ့ ပွဲတက်မလား။ ပုလဲနားကပ်က ပျိုမေတို့အတွက် မရှိမဖြစ် ပစ္စည်းတစ်ခုပါ။

၂။ မွေးနံကျောက်နဲ့နားကပ်

Source: Novica

မွေးနံဆိုတော့ လအလိုက် ဆောင်သင့်တဲ့ကျောက်ကို ပြောဖို့လိုလာပါပြီ။ ဒီအကြောင်းအရာနဲ့မတိုက်ဆိုင်ပေမဲ့ ပျိုမေတို့ သိထားဖို့ မွေးနံတစ်ခုစီရဲ့ ကျောက်တွေကို ပြောပြမယ်နော်။

ဇန်နဝါရီ- ဂေါ်မုတ် မေ- မြ စက်တင်ဘာ- နီလာ

ဖေဖော်ဝါရီ- နီလာခရမ်း ဇွန်- ပုလဲ အောက်တိုဘာ- ကြောင်မျက်ရွကျောက်

မတ်လ- မြပြာ ဇူလိုင်- ပတ္တမြား နိုဝင်ဘာ- ရွှေတွင်းဝါ

ဧပရယ်- စိန် သြဂုတ်- ကျောက်စိမ်း ဒီဇင်ဘာ- ဂေါ်မိတ်ကျောက်

ဒါပေမဲ့ ပျိုမေတို့မွေးလကျောက်ကို သဘောမကျရင်လည်း ကိုယ်သဘောကျတဲ့ ကျောက်ကို အသုံးပြုနိုင်ပါတယ်။ အဓိကက ရိုးရိုးရှင်းရှင်းလေးနဲ့ လှနေဖို့ပါပဲ။

၃။ နားကွင်း

Source: amazon.com

ပျိုမေတို့မှာ ရှိသင့်တဲ့ နားကပ်အမျိုးအစားထဲမှာ နားကွင်းလည်းပါဝင်ပါတယ်။ နားကွင်းကြီးတာ နားကွင်းသေးတာကတော့ ပျိုမေတို့ နှစ်သက်ရာကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

၄။ ကလေးဆန်တဲ့နားကပ်လေးတွေ

Source: Pet Clever

ဒါကတော့ ပျိုမေတို့အတွက် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့နားကပ်လို့ ခေါ်နိုင်ပါတယ်။ ဂီတကို နှစ်သက်ရင် တီးလုံးပုံစံလေးရှိမယ်။ သင်ချစ်တဲ့ ကြောင်ပုံလေးတွေ လိပ်ပြာပုံလေးတွေ။ ပျိုမေတို့ ဝါသနာနဲ့ပတ်သက်တဲ့နားကပ်ပုံစံလေးတွေ။ အများကြီးပါပဲနော်။ နားကပ်ကို ကြည့်လိုက်တာနဲ့ ပျိုမေတို့အကြောင်းကို ပြောပြမယ့် နားကပ်ပုံစံလေးပေါ့။

၅။ ကျောက်များတဲ့နားကပ်

Source: Novica

ဒီနားကပ်ပုံစံကတော့ အရောင်တောက်လွန်းတဲ့အတွက် မင်္ဂလာပွဲအခမ်းအနားမျိုးမှာသီးသန့်ဝတ်ဆင်နိုင်တဲ့ နားကပ်မျိုးပါ။ အရွယ်အစားကြီးပြီး တောက်ပတဲ့ နားကပ်မျိုးတော့ဖြစ်ပါစေနော်။ ဒါမှ ပွဲထဲမှာ သင်က ထူးခြားပြီး လှနေမှာပါ။

၆။ ကျောက်တစ်လုံးထဲပါတဲ့နားကပ်

Source: De Beers

ဒီနောက်ဆုံးနားကပ်ကတော့ ပျိုမေတို့ တော်တော်များများမှာရှိပြီးသားဖြစ်မှာပါ။ ရိုးရှင်းပြီး ကျက်သရေရှိတဲ့ နားကပ်ပုံစံပါ။

အပေါ်မှာပြောပြထားတဲ့ နားကပ်တိုင်းကို ပျိုမေတို့ ပိုင်ဆိုင်ထားရင်တော့ သင်ဟာ တော်တော်လေးကို ကျက်သရေရှိပြီး လှနေပါပြီ။