လူတစ်ယောက် အောင်မြင်မှုရနိုင်မလားဆိုတာကို ရှေ့ဖြစ်ဟောဆရာတစ်ယောက်လို ဟောကိန်းထုတ်လို့ မလွယ်ပေမယ့် အခုပြောပြတဲ့ လက္ခဏာရပ်တွေနဲ့ ကိုက်ညီမှုရှိတယ်ဆိုရင်တော့ တစ်ချိန်မှာ အောင်မြင်မှုအသီးအပွင့်ကို ခံစားရမယ့် လူတစ်ယောက်ဆိုတာ ခန့်မှန်းကြည့်လို့ရနိုင်မှာ ဖြစ်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြတယ်

ကိုယ့်အနေနဲ့ လွန်ခဲ့တဲ့ ၅ နှစ်က ဘယ်လိုအခြေအနေမျိုးရှိခဲ့လဲဆိုတာကို ပြန်သုံးသပ်ပါ။ ဘယ်လိုအတွေ့အကြုံတွေ စုဆောင်းခဲ့ပြီးပြီလဲ ၊ ဘာသင်ခန်းစာတွေ ရခဲ့လဲ ၊ ရှေ့ဆက်မယ့် အနာဂတ်ခရီးလမ်းမှာရော ဘယ်အရာတွေ ထပ်ဖြည့်တင်းဖို့လိုမလဲ ၊ ဘာတွေထပ်ပြီး လေ့လာရအုန်းမလဲဆိုတာကို လေ့လာသုံးသပ်ဖို့လိုပါတယ်။

ဒီလိုကိုယ့်ကိုယ်ကို အကောင်းဆုံး သိမြင်နိုင်ခြင်းဟာ အောင်မြင်မှုရဲ့ လမ်းစလို့ ပြောလို့ရပါတယ်။

(၂) ကောင်းမွန်တဲ့ အလေ့အထတွေကို မွေးမြူကြတယ်

အောင်မြင်မှုပန်းတိုင်တစ်ခုခုကို ရောက်ဖို့ ကြိုးကြိုးစားစားနဲ့ ဇွဲသန်မှုရှိဖို့ အဓိက လိုအပ်ပါတယ်။ ဒါပေမယ့် နေ့စဉ်ဘဝထဲက အလေ့အကျင့်တွေကပဲ သင့်ရဲ့ အောင်မြင်မှုပန်းတိုင်ကို သွားရာလမ်း ခရီးတစ်လျှောက်မှာ ကြိုးစားချင်စိတ် ၊ စိတ်အားထက်သန်မှုတွေ ဖြစ်ပေါ်လာအောင် ကူညီပေးနေတယ်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။

ဒါကြောင့် နေ့စဉ်ဘဝထဲမှာ ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတွေကို မွေးမြူခြင်းဟာ အောင်မြင်မှု ပန်းတိုင်ကိုတက်လှမ်းဖို့အတွက် လှေကားထစ်တွေပဲ ဖြစ်ပါတယ်။

(၃) စိတ်ပိုင်းဆိုင်ရာ ထက်မြက်ဖို့ ကြိုးစားကြတယ်

လူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ထက်မြက်လာတာနဲ့အမျှ တခြားသူတွေထက်ပိုပြီး အောင်မြင်ဖို့ အခွင့်အလမ်းများလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိစိတ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာ ၊ စိတ်ပိုင်းဆိုင်ရာ ထက်မြက်ဖို့ လေ့ကျင့်ယူခြင်းဟာ အောင်မြင်ဖို့ အတွက် အလားအလာကောင်းတစ်ခုဆိုတာ သိထားဖို့ လိုပါတယ်။

(၄) လက်လျှော့ဖို့ သိပ်မတွေးကြဘူး

အခက်အခဲအတားအဆီးတွေ ကြုံလာတိုင်းမှာ ဇွဲရှိရှိနဲ့ နှစ်ဆပိုကြိုးစားရမှာဖြစ်သလို လွယ်လွယ်နဲ့ လက်မလျှော့လိုက်ဖို့ကလည်း အရေးကြီးပါတယ်။ တစ်ချိန်မှာ အောင်မြင်နိုင်မလားဆိုတာကို ဗေဒင်သွားမမေးပါနဲ့။

သင်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ ဘယ်လိုအတားအဆီးမျိုးရှိနေပါစေ ကျော်ဖြတ်မယ် ၊ လက်မလျှော့ဘူးဆိုတဲ့ စိတ်ရှိတယ်ဆိုရင် သေချာပေါက် အောင်မြင်မှုကို ရရှိမှာဖြစ်ပါတယ်။