သင်က နားပေါက်များများဖောက်ရတာ ကြိုက်တဲ့သူလား။ ဒါမှမဟုတ် နားပေါက်မရှိပေမယ့် နားကပ်တစ်ခုထက်ပိုဝတ်ချင်လို့ Clip On နားကပ်အတုတွေ ဝတ်တတ်တဲ့သူလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ နားပေါက် သုံး၊ လေးပေါက်ရှိတဲ့သူတွေ၊ တစ်ခုထက်ပိုတဲ့ နားကပ်တွေဝတ်ရတာကြိုက်သူတွေအတွက် ဝတ်လို့လှစေမယ့် နားကပ်အတွဲအစပ်နဲ့ နားပေါက်နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ နားဖောက်ချင်ပေမယ့် ဖောက်ဖို့နေရာရွေးရခက်နေတဲ့သူတွေအတွက် Idea ရစေမှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်။

ပုံမှန်ဖောက်နေကျ Ear Lobe လို့ခေါ်တဲ့ နားသန်သီးနေရာမှာ နှစ်ပေါက်ဆက်ဖောက်ပြီး ဒီလိုနားကပ်လေးတွေ ဝတ်ကြည့်ပါ။ နားကပ်အဆွဲလေးတွေ ဆက်ဝတ်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်။


သုံးပေါက်အထိဖောက်မယ်ဆို ဒီလို နားသန်သီးအပေါ်ပိုင်းနေရာလေးမှာ ထပ်ဖြည့်လိုက်တာ ညီညီလေးနဲ့ လှနေမှာပါ။


အရိုးနုပေါ်က Helix နားပေါက်လေးတွေကလည်း နားကပ်ဝတ်လို့လှသလို မျက်နှာလေးပိုလင်းပြီး Classic ဆန်ပါတယ်။ အောက်ကနားကွင်းလေးတွေ ကျောက်နားကပ်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။


နားသန်သီးတစ်ဝိုက်က အခြားနေရာတွေနဲ့ယှဉ်ရင် ဖောက်ရသိပ်မနာတာမို့ များများဖောက်ပြီး ဒီလိုဒီဇိုင်းလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။


နားကပ်အကွင်းလေးတွေ စွပ်ထားတတ်တဲ့သူတွေအတွက် ဒီလိုအတွဲအစပ်လေးတွေက ခေတ်ဆန်ပြီး အရမ်းလှပါတယ်။


နားအတွင်းပိုင်းတွေမှာပါ ဖောက်ထားတဲ့သူတွေက ဒီလိုဒီဇိုင်းလေးတွေဝတ်ကြည့်ပါ။ အတွင်းနေရာတွေက ကျောက်နားကပ်အသေးလေးတွေနဲ့ဆို ပိုလိုက်ပါတယ်။

Photo Source: Pinterest, preview.ph

By MyStyle Myanmar