အသားအရေတွေခြောက်တာက အစားအသောက်နဲ့လည်းဆိုသလို ရေဓတ်ခမ်းခြောက်တာမျိုးလည်းဖြစ်တတ်ပါတယ်။အသားခြောက်ခြင်းနဲ့ အသားပတ်ခြင်းက ဆောင်းရာသီမှာအဖြစ်များလေ့ရှိသော်လည်း ပုံမှန်အခြေအနေတိုင်းမှာ ဖြစ်နေပြီဆိုရင်တော့ ဂရုစိုက်ပေးဖို့တော့လိုအပ်နေပါပြီ။ အခုပြောပြတဲ့ DIY Mask လုပ်နည်းတွေက အကုန်အကျလည်းသက်သာတဲ့အပြင် အိမ်မှာရှိတဲ့အရာတွေနဲ့လည်း အလွယ်တကူပြုလုပ်လို့ရပါတယ်။

ထောပတ်သီး Mask

ညစ်ချေထားတဲ့  ထောပတ်သီးတစ်လုံးကို သံလွင်ဆီလက်ဖက်ရည်ဇွန်း၁ဇွန်းခန့်ထည့်ပြီးရောမွေပေးလိုက်ပါ။ကိုယ့်ရဲ့မျက်နှာအသားအရေကိုတော့ ခြောက်သွေ့အောင်ထားဖို့လိုအပ်ပါတယ်။မျက်နှာပေါ်တွင် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ထားပေးရပါမယ်။ ရေဆေးကြောပြီးသွားရင်တော့ စိုပြေပြီး တင်းရင်းတဲ့အသားအရေလေးကိုပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။

သံလွင်ဆီနှင့်သကြား 

ကိုယ့်မျက်နှာနဲ့အချိုးအဆညီတဲ့သကြားကိုယူပြီး သံလွင်ဆီကိုတော့၂ဇွန်းလောက်ထည့်ပေးပြီးရောမွေပေးရပါမယ်။သင့်ဆီမှာ အမွှးဆီကိုထည့်လို့ရပါတယ်။ စိတ်အပန်းဖြေမှုကိုအထောက်အကူပြုနိုင်ပါတယ်။ မျက်မှာအသားအရေကို ညင်သာစွာပွက်တိုက်ပေးပြီး ရေနွေးဖြင့်ဆေးကြောနိုင်ပါတယ်။ ဆဲလ်အသစ်လေးတွေဖြစ်စေနိုင်တဲ့အတွက် တစ်ပတ်ကိုနှစ်ခါလောက်ပြုလုပ်ပေးသင့်ပါတယ်။

Aloe Vera 

နေလောင်ခြင်းကို သက်သာစေနိုင်တဲ့အပြင် ခြောက်သွေ့သောဆောင်းရာသီတွေမှာတော့အရမ်းကိုအသုံး၀င်ပါတယ်။နီခြင်းနှင့်ယားယံခြင်းများကိုသက်သာစေတဲ့အပြင် အိုမင်းခြင်းကိုလည်းလျော့ချပေးနိုင်ပါတယ်။
Photo Source -Lifehack