တော်တော်များများက ရေသောက်တာနဲ့ ဝိတ်ကျမယ်ဆိုပြီး ထင်ကြပါတယ်။ လုံးဝမဖြစ်နိုင်ပါဘူး နည်းမှန်လမ်းမှန်နဲ့သောက်တတ်မှ ဝိတ်ကျတာပါ။ ဘယ်လိုသောက်ရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ပါ။

Source: self.com

၁။ အစာမစားခင်တိုင်း ရေသောက်ရပါမယ်။ သရေစာမစားခင်မျိုးဆို (၁) ခွက်လောက်သောက်ပေးနိုင်ပြီး ညစာထပ်စားဖို့ အစီအစဉ်ရှိသေးတယ် ဆိုရင်တော့ (၃) ခွက်လောက် သောက်ပေးရပါမယ်။

၂။ အစာမစားခင်သောက်ပေးသလိုပဲ အစာစားပြီးနောက် (၂) နာရီကြာတဲ့အခါမှာလည်း (၂-၃) ခွက်အထိ ထပ်သောက်ပေးရပါမယ်။

Source: Well+Good

၃။ Alcohol တွေ၊ ဘီယာတွေလည်း နည်းနည်းပါးပါးတော့ သောက်လို့ရပါတယ်။ Alcohol (၁၀၀) ဂရမ်သောက်တိုင်းမှာ ရေ (၂၀၀) ဂရမ် ရောစပ်သောက်သုံးပေးရပါတယ်။

၄။ ရေသီးသန့်ပဲသောက်သုံးရမှာဆိုပေမဲ့ အသီးဖျော်ရည်တွေအပြင် သံပရာသီးအရည်ညှစ်ပြီးတော့လည်း ထည့်သောက်လို့ရပါတယ်။

၅။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ရေပမာဏ (၂) လီတာလောက် သောက်သုံးပေးသင့်ပါတယ်။ (၅) လီတာလောက်ဖြစ်သွားပြီဆိုရင်တော့ ဆီးသွားတဲ့နေရာမှာ အခက်အခဲရှိလာနိုင်ပါတယ်။

Source: starstyle.ph

၆။ အစာစားနေစဉ်အတွင်းမှာတော့ ရေမသောက်ပါနဲ့။

၇။ လုံးဝမြန်မြန်ဆန်ဆန်ကြီး ဝိတ်ကျချင်တယ်ဆိုရင်တော့ ရေကိုထမင်းအစားထိုးသောက်သုံးနိုင်ပါတယ်။

Featured image source: self.com