အားလုံးပဲ မင်္ဂလာပါ။ အခုတစ်ခေါက်ဖတ်ရမှာကတော့ သခွားသီးရေက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးပေးလဲဆိုတာပါပဲ။ သခွားသီးရေက ပြုလုပ်ရတာလည်း လွယ်ကူသလို ကျန်းမာရေးကောင်းကျိုးတွေကလည်း တကယ့်ကို အံ့မခန်းပါပဲ။ သခွားသီးကို ပါးပါးလှီးပြီး ရေကရားထဲမှာ ထည့်ပေးထားလိုက်ရုံနဲ့တင် အလွယ်တကူသောက်သုံးနိုင်ပါပြီ။ သူ့ရဲ့ကောင်းကျိုးလေးတွေကို ဆက်ဖတ်ကြည့်ရအောင်နော်။
Photo Source: domesticate-me.com
၁။ အသားအရည်လှတယ်
Photo source: www.thecocktailproject.com
သခွားသီးက အသားအရည်လှတယ်ဆိုတာတော့ အားလုံးသိပြီးသားပဲဖြစ်မှာပါ။ သခွားသီးထဲမှာပါပဲ ဗီတာမင်နဲ့ Antioxidants က အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ပါးရေတွန့်ခြင်း၊ အမဲစက်ဖြစ်ခြင်းကို တားဆီးပေးပြီး အသားအရေကို တင်းရင်းလှပစေပါတယ်။
၂။ ကိုယ်အလေးချိန်ကျတယ်
Photo Source: lajollamom.com
တစ်ခါတစ်ရံမှာ ရေဆာတာကို ဗိုက်ဆာတယ်ဆိုပြီး အထင်မှားတတ်ကြပါတယ်။ အဲ့ဒီအခါမျိုးမှာ ရေသောက်ပေးခြင်းက ကျန်းမာရေးအတွက်ကောင်းသလို၊ သခွားရေ သောက်ပေးခြင်းက မလိုအပ်ပဲအစား အလွန်အကျွံစားခြင်း၊ မုန့်ပဲသရေစာစားခြင်းကို ထိန်းချုပ်ပေးပါတယ်။
၃။ နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်
Photo Source: eatingrichly.com
သခွားရေသောက်ခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပိုတက်ဆီယမ် ပမာဏကိုမြှင့်တင်ပေးပါတယ်။ ပိုတက်ဆီယမ်က ဘာလုပ်ပေးလဲဆိုရင် သွေးဖိအားကို လျော့ချပေးတယ်၊ ရုတ်တရက်နှလုံးသွေးကြောမပိတ်အောင် ပြုလုပ်ပေးတယ်။ အခြားနှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးသေးတယ်။
၄။ အရိုးများကို သန်မာစေတယ်
Photo Source: www.thefitglobal.com
သခွားရေထဲမှာ သတ္တုဓာတ်တွေ များများစားစားမပါဝင်ပေမဲ့ အရိုးပွရောဂါဖြစ်နှုန်းကို ကာကွယ်ပေးပြီး အရိုးသိပ်သည်းဆကို မြှင့်တင်ပေးတဲ့ မန်းဂနိဓာတ်နဲ့ ဆီလီကာဒြပ်ပေါင်းပါဝင်တယ်။
၅။ ကင်ဆာဖြစ်ပွားနှုန်းကို လျှော့ချပေးတယ်
Photo Source: mynerede.com
သခွားသီးမှာ ပါတဲ့ ထူးခြားတဲ့ Cucurbitacin ဒြပ်ပေါင်းတစ်မျိုးက ဆီးကျိတ်ကင်ဆာ မဖြစ်အောင် ကာကွာပေးပါတယ်။
၆။ ကိုယ်တွင်းအဆိပ်အတောက် ဖယ်ရှားပေးတယ်
Photo Source: www.popsugar.com.au
သခွားရေသောက်များများသောက်ပေးပြီး ဆီးသွားမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အညစ်အကြေးအဆိပ်အတောက်တွေကို အလျင်အမြန်ချေဖျက်ပေးရာရောက်ပါတယ်။
၇။ ကြွက်သားအားကောင်းတယ်
Photo Source: liveleaneatgreen.com
သခွားရေထဲမှာ ပါဝင်မှုအများဆုံးကတော့ ဆီလီကာဓာတ်ပါ။ သူက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့တွယ်ဆက်တစ်သျှူးတွေအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ သူကကြွက်သားကြီးထွားနှုန်းကိုလည်း မြှင့်တင်ပေးပါသေးတယ်။
အခုဆိုရင်တော့ သခွားရေရဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးလေးတွေကို သိရပြီဆိုရင်တော့ အိမ်မှာ သခွားရေလုပ်သောက်ကြည့်ရအောင်နော်။