အခုဆို လူငယ်တော်တော်များများကြားမှာ မင်္ဂလာမဆောင်ခင်မှာ ကျင်းပတဲ့ Bridal Shower က ရေပန်းစားလာပါတယ်။ လူငယ်တွေချည်းစုပြီးကျင်းပတဲ့ Bridal Shower ကို သွားတဲ့အခါ အရေးကြီးဆုံးက သက်တောင့်သက်သာနဲ့ လှနေဖို့ပါ ။ ဒါကြောင့် သူငယ်ချင်းရဲ့ Bridal Shower ပွဲကိုသွားဖို့ Outfits ရွေးတဲ့အခါ သတိထားရမယ့်အချက် ( ၅ ) ချက်ကို ဝေမျှလိုက်ပါတယ်။

Bridal Shower ဆိုတာက သတို့သမီးလေးရဲ့ပျော်စရာပွဲလေးမလို့ သင်ဝတ်တဲ့အရောင်က သတို့သမီးရဲ့အရောင်ထက် ပိုတောက်ပနေတာမျိုးကိုတော့ ရှောင်ပါ။

Bridal Shower သွားတဲ့အခါ အနက်ရောင်ဝတ်မယ့်အစား အဝါရောင်၊ အစိမ်းရောင် သို့မဟုတ် အပြာရောင်တို့လို ငြိမ်သက်ပြီးအပြုသဘောဆောင်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့အရောင်များကို ဝတ်ပါ။

Bridal Shower မှာ စိန်တွေရွှဲနေတာ ဒါမှမဟုတ် ပြောင်ပြောင်လက်လက်တောက်ပနေတဲ့ ရွှေလက်ဝတ်ရတနာတွေ ၀တ်နေဖို့ မလိုအပ်ပါဘူး။ ရိုးရှင်းပြီး ပေါ့ပါးတဲ့ကြိုးလေးတွေ နားဆွဲလေးတွေက အလိုက်ဖက်ဆုံးပါပဲ။

Bridal Shower ဆိုတာက ပျော်ပျော်ပါးပါးနဲ့ကျင်းပတဲ့ပွဲမလို့ ဒေါက်အချွန် အမြင့်ကြီးတွေစီးမယ့်အစား Wedges ဒါမှမဟုတ် Block Heels မျိုးက အသင့်တော်ဆုံးပါပဲ။

အနီရောင်ကို တချို့က အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ဆက်စပ်နေတယ်လို့ ယူဆတတ်ကြတာမလို့ ဖြစ်နိုင်ရင်တော့ အနီရောင်ကို ရှောင်ပြီးဝတ်တာ အကောင်းဆုံးပါ။