ဂါဝန်လေးတွေက မိန်းကလေး တစ်ယောက်ကို မိန်းကလေး ဆန်ပြီး ချစ်ဖို့ကောင်းစေတဲ့ အဝတ်အစားတွေပါ။ ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ အရောင်အလိုက် ရွေးရင် ရွေးတတ်သလို ဂါဝန်လေးတွေက ချစ်ဖို့ကောင်းပါတယ်။ ဂါဝန်တွေက သင့်ကို ပိုချစ်စရာကောင်းစေမယ့်အပြင် မိန်းကလေးပိုဆန်သွားစေပါတယ်။ ဒီလိုပဲ ဂါဝန်က ဓာတ်ပုံရိုက်ရင်လည်း ပိုလှအောင် ထောက်ပံ့ပေးတတ်ပါတယ်။

အထူးသဖြင့် အပင်နောက်ခံနဲ့ ရိုက်လေ့ရှိတဲ့ မိန်းကလေးတွေအတွက် ဂါဝန်လေးတွေက ပိုသင့်တော်ပြီး ကြည့်ကောင်းလေ့ရှိပါတယ်။ သင်က ဂါဝန် ဝတ်နေကျ သူပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ဂါဝန်ဝတ်ပြီး ဓာတ်ပုံလှလှလေး ရိုက်ဖို့ စဉ်းစားနေတာဆိုရင်တော့ ဖော်ပြပါ ဂါဝန်ပုံစံလေးတွေက သင့်အကြိုက်ဖြစ်မှာပါ။

ခန္ဓာကိုယ်သွယ်ပြီး ခါးသေးတဲ့ ကောင်မလေးတွေနဲ့ ဒီဂါဝန်လေးက ထူးခြားပြီး လှနေစေမှာပါ။ သင်က အပ်ချုပ်ဆိုင်မှာ ဒီပုံစံလေး ချုပ်မယ်ဆိုရင်လည်း အလှဆုံး ဖြစ်နေမှာပါ။

ဒီဝတ်စုံပုံစံမျိုးက ရင်ဘတ်သေးတဲ့ ကောင်မလေးတွေနဲ့ ပိုလိုက်လေ့ရှိပါတယ်။ ဓာတ်ပုံထဲမှာလည်း ပိုလှနေမှာ မလွဲမသွေပါပဲ။

အသားဝင်းတဲ့ Warm Skin Tone ကောင်မလေးတွေနဲ့ လိုက်ဖက်တဲ့ ဂါဝန်ပုံစံ ဖြစ်ပါတယ်။

ဂါဝန်အတိုလေးကိုမှ ပေါ့ပေါ့ပါးပါးလေးနဲ့ ဓာတ်ပုံရိုက်ချင်ရင် ဖော်ပြပါ ဂါဝန်ပုံစံက အဆင်ပြေမှာပါ။

လည်တံရှည်ပြီး ပိန်တဲ့ ကောင်မလေးတွေ ဓာတ်ပုံရိုက်ရင် ဝတ်ကြည့်သင့်တဲ့ ဂါဝန်ဖက်ရှင်

ဆွဲဆောင်မှုရှိရှိ ဓာတ်ပုံရိုက်ချင်တဲ့ ကောင်မလေးတွေအတွက်

ကိုယ်ကျပ်ဂါဝန်ပုံစံကို ရှာနေတယ်ဆိုရင်တော့ ဒီပုံစံလေးက သင်နဲ့ အဆင်ပြေမှာ မလွဲမသွေပါပဲ။

ဒီစတိုင်ကတော့ ချစ်ဖို့ကောင်းတဲ့အပြင် ကျက်သရေရှိတဲ့ ခံစားမှုကိုပါ ပေးစွမ်းနိုင်မယ့် ဂါဝန်စတိုင် ဖြစ်ပါတယ်။

အရောင်တောက်ပြီး တောက်ပတဲ့ ပုံစံနဲ့ လိုက်ဖက်တယ်ဆိုရင်တော့ ဒီပုံစံလေးက အဆင်ပြေမှာပါ။

နတ်သမီးပုံစံလေး ဓာတ်ပုံရိုက်ချင်ရင်တော့ ဒီဂါဝန်ပုံစံလေး ချုပ်သင့်ပါတယ်။

ပန်းရောင်နှစ်သက်တဲ့ မိန်းကလေးတွေအတွက် ဂါဝန်ပုံစံ

Aesthetic Vibe မျိုးလိုချင်ရင် ဝတ်ကြည့်သင့်တဲ့ ဂါဝန်စတိုင်

သင်အနှစ်သက်ဆုံး ဂါဝန်လေးက ဘယ်ပုံစံ ဖြစ်မလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar