မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဂါဝန်လေးတွေက ဝတ်လိုက်တဲ့မိန်းကလေးတိုင်းကို ချစ်ဖို့ကောင်းစေပါတယ်။ ဂါဝန်တွေက မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ အဝတ်အစားဖြစ်ပါတယ်။

ပွဲတက်စရာရှိရင်လည်း ဂါဝန်လေးတွေက မိန်းကလေးတွေနဲ့ သင့်တော်ပါတယ်။ ဒီတော့ပွဲတက်ဖို့ အတွက်ပဲဖြစ်ဖြစ် ထသွားထလာဝတ်ချင်ရင်ပဲဖြစ်ဖြစ် မိန်းကလေးတွေ သဘောကျနှစ်သက်မယ့် ဖက်ရှင်ပုံစံတွေကိုမှ ဟောလိဝုဒ်မင်းသမီးချောတစ်လက်ဖြစ်တဲ့ Elle Fanning ဝတ်ဆင်ခဲ့တဲ့ ဂါဝန်ဖက်ရှင်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

Elle Fanning ရဲ့ နာမည်အပြည့်အစုံကတော့ Mary Elle Fanning ဖြစ်ပြီး Babel, Phoebe in Wonderland, နဲ့ Somewhere စတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

၁၉၉၈ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာမှာ မွေးဖွားခဲ့လို့ ဒီနှစ်ထဲမှာဆို အသက် ၂၄ နှစ်ပဲရှိပါသေးတယ်နော်။

ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ချစ်ဖို့လည်းကောင်းပြီး ဖက်ရှင်ကျကျလည်း ဝတ်စားဆင်ယင်တတ်တဲ့ Elle ရဲ့ ဂါဝန်ဖက်ရှင်လေးတွေကို အခုပဲအတူတူကြည့်လိုက်ရအောင်ပါ။

Image Source: Pinterest