သင်က အလုပ်များတဲ့ မိန်းကလေးတစ်ဦးဆိုရင် အားလပ်ရက်တွေကို မက်မောတောင့်တမှာပါ။ အားလပ်ရက်ရဲ့ ကောင်းကျိုးတွေက ပြောမကုန်နိုင်အောင် များစွာရှိပါတယ်။ အားလပ်ရက်မှာ ကိုယ့်အကြောင်း ကိုယ်ပိုသိနိုင်တာ၊ ကိုယ့်အတွက်ကိုယ် အချိန်ပိုပေးနိုင်တာ၊ ကိုယ့်မိသားစု၊ ကိုယ်ချစ်ရသူတွေ အပေါ် အချိန်ပေးနိုင်တာ စတာတွေက အားလပ်ရက်ရဲ့ ကောင်းကျိုးတွေပါပဲ။

ဒါကြောင့် သင့်အနေနဲ့ အားလပ်ရက်ရတယ်ဆိုရင် ဒီရက်မှာ စိတ်မညစ်နေဘဲ အချိန်ကို တန်ဖိုးရှိရှိ အသုံးချသင့်ပါတယ်။ ဒီလို အသုံးချသင့်ကြောင်းကို အောက်ဖော်ပြပါ ပုံရိပ်တွေက ဖော်ညွှန်းနေပါတယ်။

ကိုယ်ထချင်တဲ့ အချိန်ထလို့ရတယ်

ပိတ်ရက်တွေမှာ အလုပ်နောက်ကျမှာ၊ Alarm မြည်မှာကို မစိုးရိမ်ရဘဲ ကိုယ်ထချင်တဲ့ အချိန် ထနိုင်တာက အလုပ်လုပ်သူတိုင်း အကြိုက်ဆုံး အချက်ပါ။

အိပ်ယာပေါ်မှာ အကြာကြီး လှဲနေနိုင်တယ်

ပိတ်ရက်မှာ ကိုယ်နှစ်သက်တဲ့ ဖျော်ရည်တစ်ခွက်ကို သောက်ကာ အိပ်ရာထက်ကနေ ပြင်ပရှုခင်းတွေကို အပူအပင်မရှိ ကြည့်နေနိုင်ပါတယ်။

ကိုယ်နှစ်သက်တဲ့ ဇာတ်လမ်းတွေကို ကြိုက်သလောက် ကြည့်နိုင်တယ်

ကိုယ်စားချင်တဲ့ သရေစာကို စားရင်း ကိုယ်ကြိုက်တဲ့ ဇာတ်ကားတွေကို ပိတ်ရက်မှာ တစ်ဝကြီး ကြည့်နိုင်ပါတယ်။

စာဖတ်နိုင်တယ်

အဝတ်လျှော်ပြီးနောက် အဝတ်ရိပ်ကို အမှီပြုကာ ဒီနေရာမှာပဲ အေးအေးဆေးဆေး စာဖတ်နိုင်ပါတယ်။

ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်ကုန်ဆုံးနိုင်တယ်

ပိတ်ရက်မှာ ကိုယ်ချစ်ရတဲ့ မိသားစုတွေနဲ့ စကားဖောင်ဖွဲ့ကာ အပူအပင်မရှိ နေနိုင်ပါတယ်။

ကိုယ်ကြိုက်သလောက် အိပ်နိုင်တယ်

အိပ်ရာပေါ်အိပ်မလား၊ ခုံပေါ် အိပ်မလား အိပ်ချင်သလို အိပ်နိုင်ပါတယ်။

ချစ်ရသူနဲ့ စကားလက်ဆုံကျကာ စားသောက်နိုင်တယ်

ကိုယ်ကြိုက်တဲ့ ဟင်းချက်ကာ ပိတ်ရက်မှာ ချစ်ရသူနဲ့ စကားပြောရင်း ကုန်ဆုံးနိုင်ပါတယ်။

ကိုယ်စားတာကို ကြွားနိုင်တယ်

ကိုယ်ကြိုက်တဲ့ အစားအစာကို မှာစားကာ “Super Sunday, Super Holiday” စတဲ့ ခေါင်းစဉ်တွေနဲ့ လိုင်းပေါ်မှာ ကြွားနိုင်ပါသေးတယ်။

လှုပ်လှုပ်ရှားရှားနေနိုင်တယ်

တောက်လျှောက် အလုပ်လုပ်ထားရတာကြောင့် ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို ပိတ်ရက်မှာ ဂရုစိုက်နိုင်ပါတယ်။

တမေ့တမော ငေးမောနိုင်တယ်

ကော်ဖီတစ်ခွက်ကို အရသာခံရင်း အဝေးတစ်နေရာကို ကြည့်ကာ ကိုယ်တွေးချင်တာကို တွေးနေနိုင်ပါတယ်။

သင်ကော ပိတ်ရက်မှာ ဘာတွေလုပ်လေ့ရှိလဲ ပြောပြခဲ့ပါဦး။

Photo source: Pinterest

By MyStyle Myanmar