Doyeon လို့ သိကြတဲ့ Kim Do-yeon က တောင်ကိုးရီးယား အဆိုတော်၊ မင်းသမီး တစ်ဦး ဖြစ်ပါတယ်။ သူမက Produce 101 အစီအစဉ်နဲ့ လူသိများလာပြီး I.O.I နဲ့ Weki Meki အဖွဲ့ဝင် ဖြစ်ပါတယ်။ ဒါ့အပြင် Doyeon က နာမည်ကျော် ဇာတ်လမ်းဖြစ်တဲ့ “My Roommate Is a Gumiho” ဇာတ်လမ်းမှာ ဒုတိယ ဇာတ်လိုက်မင်းသားရဲ့ ညီမလေးအနေနဲ့ သရုပ်ဆောင်ခဲ့ပါသေးတယ်။

Doyeon က အရပ် ၅ ပေ ၈ လက်မရှိကာ ရှည်လျားတဲ့ ခြေတံနဲ့ မော်ဒယ်ပုံစံ ခန္ဓာကိုယ်ကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။ သူမက ဘောင်းဘီရှည် ဖက်ရှင်နဲ့ လိုက်ဖက်လေ့ရှိပြီး ဖက်ရှင် Icon တစ်ဦးလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူမရဲ့ ဖက်ရှင် Sense က အထာကျပြီး စိတ်ကူးကောင်းတဲ့အထဲ ပါဝင်လို့ပါ။ အရပ်ရှည်ရှည် ခပ်ပိန်ပိန် ကောင်မလေးတွေပါ Doyeon ရဲ့ ဝတ်ဆင်ပုံတွေကို နမူနာယူနိုင်ပါတယ်။

ဒီထဲ ဖော်ပြထားတဲ့ Doyeon ရဲ့ ဖက်ရှင်စတိုင်တွေက လုံလုံခြုံခြုံရှိတဲ့အပြင် ပေါ့ပေါ့ပါးပါး ရှိတာမို့ သင်ကိုယ်တိုင် လိုက်ဝတ်နိုင်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

အင်္ကျီလက်ပြတ်ကိုမှ ဘောင်းဘီရှည် အနက်နဲ့

မော်ဒယ်တစ်ဦးအလား စကပ်ရှည်နဲ့ အပေါ် Leather အင်္ကျီကို လိုက်ဖက်စွာ တွဲဝတ်ထားတဲ့သူမကို တွေ့နိုင်မှာပါ။

အပေါ် Crop ခါးအကျပ်လေးနဲ့ ဘောင်းဘီရှည် ဒဲ့ပွ

ယောက်ျားဆန်ဆန် စတိုင်နဲ့လည်း Doyeon က လိုက်ဖက်ပါတယ်။

အဖြူရောင် စတိုင်လေး

လူငယ်ဆန်ဆန် ခရမ်းရောင်နဲ့ ဂျင်းအပြာ တွဲစပ်မှု

အဖြူရောင် ရှပ်အင်္ကျီက သူမနဲ့ လိုက်ဖက်လေ့ရှိတာကို ငြင်းမရပါဘူး။

အင်္ကျီအကျပ်လေးနဲ့ ဘောင်းဘီရှည်ကို တွဲစပ်တဲ့အိုင်ဒီယာက ပိန်တဲ့ ပျိုမေတို့နဲ့ အလိုက်ဖက်ဆုံးပါပဲ။

သူမရဲ့ ဖက်ရှင်အမြင်ကတော့ အမြဲထူးခြားနေတတ်ပါတယ်။

လူအများစုက သူမရဲ့ ဖက်ရှင်အပေါ် အမြင်ရှိမှုကြောင့် ခဏခဏ ချီးကျူးရပါတယ်တဲ့။

သင်က Doyeon ကို နှစ်သက် အားပေးသူလား ဒါမှမဟုတ် သူမရဲ့ ဖက်ရှင်စတိုင်ကို စိတ်ဝင်စားသူ တစ်ဦးလား ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar