မိတ်ကပ်နဲ့ ပတ်သက်ရင် Douyin Makeup Style က ပျိုမေတို့ အကြိုက်များကြတဲ့ စတိုင် ဖြစ်ပါတယ်။ Douyin Makeup Style က သင့်အလှကို နတ်သမီးတစ်ပါးလို ထင်ရစေပြီး ပုံမှန် မိတ်ကပ်တွေထက် ထူးခြားတဲ့ မိတ်ကပ်စတိုင် ဖြစ်ပါတယ်။ သင်က Douyin Makeup Style ကို လိမ်းတတ်ပြီး ဆရာကျသွားပြီဆိုရင်တော့ သင့်အနားမှာ ဝိုင်းနေတဲ့ ယောက်ျားလေးတွေ အများအပြား ရှိနေမှာပါ။ ဒါ့အပြင် သင့်ပုံတွေကိုလည်း ကြိုက်တဲ့သူ အများအပြား ဖြစ်နေမှာပါ။ ဒီတော့ Douyin Makeup Style ကို ပိုဆရာကျကျ လိမ်းခြယ်န်ိုင်ဖို့ သိထားသင့်တဲ့ အကြံပေးချက်တွေကို ဖော်ပြပါရစေ။

၁။ Foundation, CC cream လိမ်းတဲ့အခါ

Photo Source: The Baller on a Budget

Foundation နဲ့ CC Cream ကို မျက်နှာပေါ် လိမ်းတဲ့အချိန် ယူတဲ့အခါ လက်နဲ့ပဲ ယူသင့်ပါတယ်။ ယူပြီးရင်တော့ မျက်နှာရဲ့ အလယ်ကနေ စ တင်ပေးရပါမယ်။ နှာခေါင်းဘေးဘက် မျက်နှာနှစ်ဘက်နဲ့ နဖူးပေါ်ကို ဖောင်ဒေးရှင်း အရင် တင်သင့်ပါတယ်။

၂။ Sponge နဲ့ Blend ပါ

ပြီးရင်တော့ သင့်လက်မှာ ပေနေတဲ့ ဖောင်ဒေးရှင်းတွေကို အလဟဿ မဖြစ်သွားအောင် Sponge ပေါ်မှာ သုတ်ပစ်နိုင်ပါတယ်။ ပြီးနောက် သင့်မျက်နှာပေါ်က ဖောင်ဒေးရှင်းတွေကို Sponge နဲ့ Blend လုပ်နိုင်ပါပြီ။ မျက်နှာလေး မွတ်မွတ်လေး ဖြစ်ဖို့အတွက် သေချာ Blend သင့်ပါတယ်။

၃။ Blusher သုံးတဲ့အခါ

သင်က Liquid Blusher ကို သုံးသင့်ပြီး မျက်နှာရဲ့ ပါးစောင်နေရာ၊ နှာခေါင်းထိပ်၊ မေးစေ့အောက်ဘက် စတဲ့နေရာတွေမှာ Blusher ကို ခြယ်ပေးသင့်ပါတယ်။ ဒီလိုဆိုရင် သင့်မျက်နှာလေး ပိုပြီး သွယ်သွားစေပါတယ်။

၄။ Highlight သုံးတဲ့အခါ

Highlight က သင့်မျက်နှာလေးကို ပိုလင်းစေပြီး လိုအပ်တဲ့နေရာတွေမှာ ပိုထူးခြားအောင် သုံးပေးရတဲ့ မိတ်ကပ်ပစ္စည်းပါ။ Highlight ခြယ်တဲ့အခါ လေးထောင့်ပုံစံ ခြယ်သင့်ပြီး လိမ်းပေးသင့်တဲ့ နေရာကတော့ နှာခေါင်းထိပ်ပေါ်မှာပါ။ ဒါဆိုရင်တော့ သင့်နှာတံ ပိုသွယ်တယ် ထင်ရစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar