Douyin Makeup Look ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။ လူငယ်ဆန်ပြီးလှတဲ့ အလှမျိုးပါ။ ဒါကြောင့် ညိုချောလေးတွေအတွက် Douyin Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Primer လိမ်းပြီး အမဲစက်နဲ့ အမာရွတ်တွေဖုံးဖို့ Concealer သုံးပါမယ်။

နောက်တစ်ဆင့်မှာ Foundation လိမ်းပါမယ်။ အသားညိုတဲ့သူတွေအတွက် Foundation က အရေးကြီးပါတယ်။ ကိုယ့်အသားအရောင်နဲ့ ကိုက်ညီတာမျိုးကို သေချာရွေးချယ်ရပါမယ်။

အသားအရောင်မညီတဲ့နေရာတွေကို Concealer ထပ်လိမ်းပါမယ်။

အားလုံးလိမ်းပြီးရင် Setting Powder လိမ်းလိုက်ရုံပါပဲ။ အများကြီး ယူလိမ်းတာမျိုး မလုပ်ပါနဲ့။

မျက်ခုံးမွှေးကို ရှည်ရှည်လေး ဆွဲပေးပါ။ ပြီးရင် Eyebrow Brush နဲ့ ဖြီးပေးပါ။

Eyeshadow အညိုကို မျက်လုံးပုံစံအတိုင်း ခြယ်ပါမယ်။

ချောကလက်ရောင် Eyeshadow ကို မျက်လုံးထောင့်နားနဲ့ အောက်နားမှာ ပုံထဲကအတိုင်းလေး ခြယ်ပေးပါ။

Douyin Makeup Look အတိုင်း မျက်လုံးအောက်နားကိုပါ မျက်ရစ်ကြီးကြီးလေးဖြစ်အောင် အညိုရောင် Gel Eyeliner (သို့) Brow Gel နဲ့ ဆွဲပါမယ်။

Eyeliner ဆွဲတဲ့အခါမှာတော့ Gel Eyeliner အညိုရောင်ကိုပဲ သုံးပြီးတော့ ပုံမှာဆွဲပြထားသလို အပေါ်ရော၊ အောက်ရော ဆွဲပေးပါ။

Glitter Eyeshadow အဖြူ (သို့) ရွှေရောင်ကို မျက်ခွံနဲ့ မျက်လုံးအောက်နားလေးမှာ ခြယ်ပေးပါ။

Douyin Makeup Look မှာ မျက်လုံးပြင်တာက အသက်ပါပဲ။ ဒါကြောင့် မျက်တောင်အတုလေးတွေလည်း တပ်ပါမယ်။

မျက်လုံးအောက်နားကိုလည်း မျက်တောင်ပုံစံလေးဖြစ်အောင် Liquid Eyeliner အမဲနဲ့ ဆွဲပေးပါ။

နောက်ဆုံးမှာ Mascara နဲ့ မျက်တောင်ကော့ပါမယ်။

နှာတံလေးပေါ်လွင်နေအောင် နှာတံဖော်ပါမယ်။

ရွှေညိုရောင် Highlighter ကို မျက်လုံးအောက်နားကနေ နားထင်နားအထိ ခြယ်ပေးပါ။ ပြီးရင် နှာတံ၊ မေးစိနဲ့ နဖူးကိုလည်း နည်းနည်းခြယ်ပေးပါ။

ဒီထက်ပိုလင်းပြီး Glow သွားအောင် Highlighter အဖြူလေးကို နှာတံ၊ ပါးမို့နှစ်ဖက်နဲ့ မျက်လုံးအောက်နားကို ခြယ်ပေးပါ။

နှုတ်ခမ်းနီကို ထင်းနေတဲ့အရောင်မျိုး မဆိုးပဲ အညိုရောင်ပဲ ဆိုးပေးပါ။

ဒါဆိုရင်တော့ ညိုချောလေးတွေအတွက် Douyin Makeup Look ကို ရရှိသွားပြီပဲဖြစ်ပါတယ်။