အာရှသူတွေ အနေနဲ့ အာရှသူတွေ ပြုလုပ်လေ့ရှိတဲ့ Makeup Look တွေ၊ ဆံပင်ပုံစံတွေကို နမူနာယူသင့်ပါတယ်။ မျက်နှာကျ ပုံစံချင်း ဆင်တူတဲ့သူ အချင်းချင်း လေ့လာမှ ကိုယ်နဲ့ အဆင်ပြေတဲ့ ဆံပင်ပုံစံ၊ ပြင်ဆင်ပုံကို သိလာမှာပါ။ Douyin က တရုတ် Tiktok Application တစ်မျိုးပါ။ ဒီ Platform ပါ်က ရေပန်းစားတဲ့ Beauty ဗီဒီယိုတွေထဲမှာ ဆံပင်စည်းတဲ့ Tutorial တွေ၊ မိတ်ကပ်လိမ်းနည်းတွေ ပါဝင်လေ့ ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ Douyin က တရုတ်မလေးတွေ ထားလေ့ရှိတဲ့ ချစ်ဖို့ကောင်းတဲ့ ဆံပင်စတိုင်တွေကို ဖော်ပြပါရစေ။

ဆံပင်အရှည်ကိုမှ ရှေ့ဆံပင်အနည်းငယ်ကို စုပြီး ကျစ်ဆံမြီး ကျစ်ထားတာ


ဘေးနှစ်ဘက်စည်းကိုမှ တမူထူးခြားသွားစေနိုင်ဖို့ ဖဲပြားအနက်လေးနဲ့ စည်းတာ


ပန်းပွင့်ပုံစံ ရောင်စုံ ကလစ်သေးသေးလေးကို အသုံးပြုပြီး ကျစ်ဆံမြီးသေးသေးလေး စည်းတာ


ဆံပင်အကောက်ကိုမှ တစ်ဝက်အမြင့်စည်းတာ။ ဒီဆံပင်ပုံစံက မျက်နှာပိုရှည်တယ် ထင်ရစေပါတယ်။


ကျစ်ဆံမြီး ကျစ်ထားတာကိုမှ ပြန်ကွေးပြီး သားရေကွင်းနဲ့ ပြန်ပတ်ထားတာ။


ရိုးရိုးရှင်းရှင်း ဘီးကုတ်လေးနဲ့


ရိုးရှင်းတဲ့ ကျစ်ဆံမြီး ဘေးဘက် ကျစ်တာ


ရှေ့ ဆံမြိတ်ချကာ ဆံပင်ကို တစ်ဝက်စည်းတာ


ဆံပင်တိုကိုမှ ခပ်မိုက်မိုက်ပုံစံ ထားချင်သူတွေအတွက်


ကျစ်ဆံမြီးကျစ်ပြီးမှ ခေါင်းပေါ်မှာ ပတ်ပြီး ထုံးထားတာ


ဆံပင်ကို ဘေးနှစ်ဖက် ခွဲစည်းပြီး ခေါင်းစည်းကြိုး အနက် သုံးခုလောက်နဲ့စည်းကာ ဆံပင်ကို ပြန်ဖွထားတဲ့ ပုံစံ


Mermaid Wave ကောက်သား


အရိုးရှင်းဆုံး ဆံပင်ပုံစံ

ချစ်ဖို့ကောင်းပြီး အရုပ်မလေးနဲ့ တူသွားစေနိုင်မယ့် ဆံပင်နှစ်ဘက်ထုံး ပုံစံ

ဖဲပြား ပန်းရောင်လေးတွေကို သုံးပြီး ဆံပင်ကို ဖောင်းဖောင်းလေး ဖွထားတာ

သင်အကြိုက်ဆုံး ဆံပင်ပုံစံက ဘယ်ပုံစံဖြစ်မလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar