အခုခေတ်မှာဆိုရင် ဖက်ရှင်ရေစီးကြောင်းက ဘယ်လိုမှကို လိုက်မမှီနိုင်လောက်အောင်ကို တိုးတက်ပြောင်းလဲနေပါပြီနော်။ တစ်ချို့မိန်းကလေးတွေအနေနဲ့ ဒီလိုဖက်ရှင်အပြောင်းအလဲပေါ်မှာ စိတ်ပါဝင်စားမှုရှိပြီး လိုက်လံပြောင်းလဲနိုင်ပေမယ့်လည်း တချို့မိန်းကလေးတွေအနေနဲ့ကတော့ နဂိုမူလအတိုင်းလေးပဲ နေချင်ကြပါတယ်။

အတိုအပြတ်တွေလည်း မဝတ်ချင်ဘူး၊ လုံလုံခြုံခြုံလည်းရှိတယ်၊ ပေါ့ပေါ့ပါးပါးလည်းဖြစ်ရမယ့် အဝတ်အစားမျိုးကို ကြိုက်တတ်တဲ့ မိန်းကလေးတွေအတွက်တော့ ဂါဝန်လေးတွေက အကောင်းဆုံးပါပဲ။ အခုတစ်ခါမှာတော့ ဂါဝန်တစ်မျိုးတည်းထက် အောက်ကနေပြီး ပုံစံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုး အကျီလေးတွေ ခံဝတ်ပြီးတော့ အပေါ်ဂါဝန်ရှည်လေးတွဲလိုက်ချိန်မှာ ဘယ်လိုမျိုး ပိုပြီးချစ်ဖို့ကောင်းသွားမလဲဆိုတာကို အောက်ပါဖက်ရှင်အတွဲအစပ်လေးတွေနဲ့ ပြောပြပေးချင်ပါတယ်။