ချစ်ဖို့ကောင်းပြီး ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ Look မျိုးကြိုက်ရင် Sneaker ကို Dress နဲ့တွဲဝတ်ကြည့်ပါ။ ဒါပေမယ့် Sneaker နဲ့ Dress ကို တွဲဝတ်မယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်တွေတော့ သတိထားဖို့တော့ လိုပါတယ်။ ဒါမှ သင့်ရဲ့ဖက်ရှင်ကို ပိုပြီးပြည့်စုံစေမှာပါ။

ဝတ်တဲ့အဝတ်အစားနဲ့လိုက်တဲ့ Sneaker ကို ဂရုစိုက်ရွေးပါ။ ဥပမာ- နွေရာသီမှာ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ဂါဝန်နဲ့ဆို ပေါ့ပေါ့ပါးပါးဖြစ်တဲ့ Sneaker မျိုးကို ရွေးပါ။

ခြေအိတ်ဝတ်တဲ့အခါ ခြေအိတ်အရှည်ဝတ်တာမျိုးကို ရှောင်ပြီး မမြင်ရတဲ့ချည်ခြေအိတ်မျိုး ရွေးဝတ်ပါ။

ရိုးရှင်းပြီး အရောင်ဖျော့ဖျော့ငြိမ်တဲ့ ဖိနပ်အရောင်မျိုးကို အဓိကထားရွေးပါ။ ရိုးရှင်းတဲ့အရောင်တွေက သင့်ကို ပိုပြီး ကြည့်ကောင်းစေမှာပါ။

ဝတ်စားတဲ့အခါ ကိုယ့်ရဲ့အကောင်းဆုံးအင်္ဂါရပ်တွေကို ပေါ်လွင်အောင်လုပ်ဖို့ မမေ့ပါနဲ့။ ခြေထောက်တွေကို ရှည်စေပြီး ဝတ်စုံတစ်ခုလုံး အချိုးကျအောင်ကူညီပေးတဲ့ ဖိနပ်ကိုရွေးပါ။

လက်ဝတ်ရတနာ၊ ပုဝါ ၊ နာရီလိုမျိုး Accessories တွေကို လိုက်ဖက်ညီအောင် ဝတ်တာကလည်း သင့်ရဲ့ဖက်ရှင်ကို ပိုပြည့်စုံစေပါတယ်။

Sneaker က ပေါ့ပေါ့ပါးပါးဝတ်ရတဲ့ ဖိနပ်အမျိုးအစားမလို့ ပေါ့ပေါ့ပါးပါး ၀တ်စုံနဲ့ တွဲဝတ်တာ အကောင်းဆုံးပါ။