အလှအပအတွက်က မျက်နှာ ၊ အသားအရေ နဲ့ ဆံပင်ကိုဘဲ ဂရုစိုက်နေလို့ မရပါဘူး။ ကိုယ့်ရဲ့လက်သည်းလေးတွေ ကျန်းမာဖို့လည်း လိုပါသေးတယ်။ ဒါကြောင့် ကျန်းမာတဲ့လက်သည်းလေးတွေပိုင်ဆိုင်နိုင်ဖို့ လိုက်နာရမယ့်အချက်များကို ဝေမျှပေးလိုက်ပါတယ်။

1. လက်အိတ်ဝတ်ပါ

ဟင်းချက်တာပဲဖြစ်ဖြစ်၊ အိမ်မှုကိစ္စလုပ်တဲ့အချိန် ၊ ရေသုံးရတဲ့အချိ်န်တွေမှာ လက်သည်းတွေကို ကာကွယ်ဖို့ လက်အိတ်ဝတ်ပေးပါ။ ဒါက လက်သည်းနဲ့ အရေပြားကို ကာကွယ်ပေးတဲ့အပြင် ဆိုးထားတဲ့ လက်သည်းနီကိုလည်း ကြာရှည်ခံစေပါတယ်။

2. Nail Tools တွေကို ပိုးသတ်ပါ

ဆိုင်မှာ လက်သည်းခြေသည်းလုပ်တဲ့အခါ သူတို့ရဲ့ပိုးသတ်ပုံအကြောင်း မေးမြန်းဖို့ မကြောက်ပါနဲ့။ ရောဂါပိုးမွှားတွေကို ရှောင်ဖို့အတွက် သုံးတဲ့ကိရိယာအားလုံးကို အမြဲပိုးသတ်ထားသင့်ပါတယ်။

3. အစိုဓာတ်ထိန်းပါ

Moisturizing က မျက်နှာနဲ့ ခန္ဓာကိုယ်အတွက်သာမက သင့်လက်သည်းနဲ့ Cuticles များအတွက်လည်း လိုအပ်တာမလို့ ညဘက်အိပ်ခါနီး ဗာဒံဆီနည်းနည်းကို လက်သည်းများပေါ် ပုံမှန်လိမ်ပေးပြီး ဖြည်းဖြည်းချင်း နှိပ်ပေးပါ။ ဒါက လက်သည်းတွေကို ကျန်းမာစေပြီး လက်သည်းခွံတွေကို တောက်ပြောင်စေပါတယ်။

4. Cuticles ပေါ်က ဒဏ်ရာတွေကို ချက်ချင်းကုသပါ

အခန့်မသင့်လို့ Cuticles တွေ ထိခိုက်မိရင် မပေါ့ဆဘဲ ချက်ချင်းဆေးလိမ်းပါ။ မဟုတ်ရင် ဒဏ်ရာကနေတဆင့် ရောဂါပိုးတွေဝင်ပြီး လက်သည်းကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

5. Ingrown Nails များကို သေချာဂရုစိုက်ပါ

လက်သည်းခြေသည်းတွေ ရှည်လာအခါ ကုတ်သွားပြီး လက်ဆွယ်ငုတ်တာ ၊ ခြေဆွယ်ငုတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင် နာကျင်ကိုက်ခဲပြီး ခံရခက်တာမလို့ ရောဂါပိုးမကူးစက်စေဖို့ ချက်ချင်းကုသသင့်ပါတယ်။