အားလုံးပဲ မင်္ဂလာပါ။ စာဖတ်သူတွေထဲမှာ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေ ရှိမှာပဲနော်။

ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့သူတွေထဲမှာလည်း အမျိုးအစား ၂ မျိုး ထပ်ကွဲသွားပြန်ပါတယ်။ ကင်မရာရှေ့မှာ ပို့စ်ကောင်းကောင်းပေးတတ်တဲ့သူနဲ့ ဘယ်လိုနေ၊ လက်ကို ဘယ်လိုထား၊ ခေါင်းလေးနည်းနည်းမော့မယ် စသဖြင့် ပို့စ်အမျိုးမျိုးမပေးတတ်လို့ သင်ပေးနေရတဲ့သူပဲ ဖြစ်ပါတယ်။ စာဖတ်သူရော ဘယ်အမျိုးအစားထဲမှာ ပါ ပါသလဲ။

ပုံ ၁၀၀ ကျော်လောက်ရိုက်မှ ပုံကောင်းကောင်းလေး၂ ပုံ ၃ ပုံလောက်ထွက်တဲ့ရန်က ကင်းဝေးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်ရန် ရှောင်ရန်လေးတွေကို သတိထားပေးလိုက်ပါ။ အချိန်ကုန်ခံပြီး ပုံအများကြီးရိုက်စရာမလိုဘဲ ရိုက်လိုက်တိုင်းမှာ ပုံကောင်းကောင်းလေးရဖို့ အခုပဲ လေ့ကျင့်ကြည့်လိုက်ရအောင်နော်။

၁။ ပစ္စည်းတစ်ခုခု ကိုင်ပြီးရိုက်ပါ

၂။ Reflection ဖြစ်အောင်လို့ ပြတင်းပေါက်ကို အသုံးချပါ

၃။ အဖွဲ့လိုက်ပုံရိုက်တော့မယ်ဆို ဆန်းသစ်တဲ့အိုက်တင်လေးတွေပေးပါ

၄။ ခန္ဓာကိုယ်ကို ကာမထားပါနဲ့

၅။ တောင့်တောင့်ကြီးမနေဘဲ သဘာဝကျကျလေးပို့စ်ပေးပါ

၆။ နှစ်ယောက်သားဘေးချင်းကပ်ရိုက်တာထက် တစ်ယောက်မတ်တပ်ရပ်ပြီး တစ်ယောက်ထိုင်နေတာက ပိုကြည့်ကောင်းပါတယ်

၇။ ခါးထောက် ခေါင်းမော့ ရင်ကော့ပြီး ယုံကြည်ချက်အပြည့်နဲ့ရိုက်ပါ

၈။ ခါးလိုင်းပေါ်အောင်လို့ အကျီကို စကပ် သို့မဟုတ် ဘောင်းဘီထဲထည့်ဝတ်ပါ

၉။ လက်ကိုအရှေ့မှာယှက်ထားတာက ရိုးနေပါပြီ၊ ဘေးလည်းနည်းနည်းချဲပြီးရိုက်ကြည့်ပါ

၁၀။ ကောက်ကြောင်းပေါ်ပါစေ

၁၁။ ခြေထောက်တစ်ဖက် အရှေ့ထုတ်ပါ

Photo Credit : bonnierzm