မင်္ဂလာပါ ပျိုမေတို့ရေ။ ဆံပင်ကျွတ်တာက မိန်းကလေးတော်တော်များများ ကြုံရတတ်တဲ့ ဆံသားပြဿနာ တစ်မျိုးပါပဲနော်။ ဒါက ဆံသားထိန်းသိမ်းမှုပုံမှန်မလုပ်လို့လည်း ဖြစ်တတ်သလို ဦးရေပြားနဲ့မတည့်တဲ့ ခေါင်းလျှော်ရည်နဲ့ ထိန်းသိမ်းနည်းအမှားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီလိုအကြောင်းအမျိုးမျိုးကြောင့် ဆံသားအကျွတ်များတဲ့သူတွေအတွက် ထိထိရောက်ရောက် ပြန်ထိန်းသိမ်းနိုင်ဖို့ လိုအပ်တဲ့ ဆောင်ရန်ရှောင်ရန်နည်းလေးတွေကို ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားမှာပါ။

နေ့တိုင်းနီးပါး ခေါင်းလျှော်တာကိုရှောင်ပါ

ခေါင်းလျှော်ပြီးခဏနဲ့ ဆံသားစေးကပ်ပြီး အနံ့ထွက်တတ်သူတွေက တစ်ရက်ခြားတစ်ခါလောက်နဲ့ ခေါင်းလျှော်မိတာမျိုး လုပ်ဖူးကြမှာပါ။ ဒါက ဆံပင်ပိုကျွတ်တဲ့အပြင် ဆံသားကိုပါခြောက်သွေ့စေတာမို့ ရေရှည်အတွက်မကောင်းပါဘူး။ ဆံသားခြောက်ပြီး ဆံပင်ထုံးဖို့လွယ်လာတာက ခေါင်းဖြီးလိုက်တိုင်း သင့်ကိုသာမာန်ထက် ဆံပင်ပိုကျွတ်စေပါလိမ့်မယ်။ ခေါင်းလျှော်ရည်ကိုလည်း ဦးရေပြားအဆီမဆုံးရှုံးစေမယ့် သဘာ၀ Shampoo အပျော့တွေကိုပဲ ရွေးသုံးပေးဖို့မမေ့သင့်ပါဘူး။

အသွားနူးညံ့တဲ့ ခေါင်းဘီးတွေ ရွေးချယ်ပါ

တစ်ခါတစ်လေ ဆံပင်ကျွတ်တာက ကိုယ်ဖြီးနေကျ ဘီးနဲ့လည်း ဆိုင်ပါတယ်။ အသွားကြမ်းတဲ့ဘီးတွေက ဆံသားထဲက အဆီနဲ့ ပရိုတင်းဓာတ်တွေကို ဖယ်ရှားလိုက်သလိုဖြစ်စေတာမို့ ဆံလုံးကြမ်းပြီး ကျွတ်ထွက်စေမှာပါ။ ဒါကြောင့်မို့ အသွားနူးညံ့တဲ့ ခေါင်းဘီး ဒါမှမဟုတ် ဘီးအသွားကျဲတာတွေ သုံးဖို့လိုပါတယ်။

အပူများတဲ့ ပုံသွင်းပစ္စည်းတွေ ရှောင်ပါ

စက်အပူနဲ့ တိုက်ရိုက်ထိတွေ့တာက ဆံသားခြောက်သွေ့ပြီး ပျက်စီးလွယ်ပါတယ်။ ပျက်စီးနေတဲ့ဆံသားက Sensitive ဖြစ်ပြီး ကျွတ်ထွက်လွယ်တာမို့ အပူနဲ့ထိတွေ့တာကို တတ်နိုင်သလောက်လျှော့ချပေးပါ။ မဖြစ်မနေသုံးရတဲ့အခါ အပူခံ Spray ဖြန်းပြီးမှ သုံးဖို့ အကြံပေးချင်ပါတယ်။

ခေါင်းကိုနှိပ်နယ်ပေးပါ

ခေါင်းကို ပုံမှန်နှိပ်နယ်ပေးတာက ဦးရေပြားအတွင်းသွေးလည်ပတ်မှုကောင်းစေတဲ့အပြင် ဆံပင်ကျွတ်သက်သာစေမယ့် အထိရောက်ဆုံးနည်းတစ်မျိုးလို့ ပြောလို့ရပါတယ်။ ဆံသားအရင်း ဦးရေပြားတစ်လျှောက်ကို လက်ချောင်းတွေနဲ့ ဖြေးဖြေးချင်းနှိပ်တာမျိုးလုပ်ပေးပါ။ ဆီတစ်မျိုး ထည့်လိမ်းပေးရင် ပိုကောင်းပါတယ်။ ဆံသားအုံထူပြီး ဆံပင်ရှည်မြန်လာစေမှာပါ။

ကျန်းမာတဲ့ Lifestyle ရှိထားဖို့လိုပါတယ်

မှားယွင်းတဲ့ နေထိုင်မှုပုံစံတွေ၊ Stress တွေကလည်း ဆံပင်ကျွတ်စေတာမို့ စိတ်ရောကိုယ်ပါ ကျန်းမာအောင် ဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။ ကျန်းမာတဲ့ Lifestyle အတွက် မျှတအောင်စားပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ကာ အိပ်ချိန်မှန်အောင်အိပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar