အသားခြောက်တဲ့ dry skin တွေအတွက် လုပ်သင့်တဲ့အရာတွေနဲ့ မလုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။ ဒါမှလည်း အသားခြောက်တာပိုဆိုးမလာပဲ အသားအရေစိုပြည်ပြီး ရေဓာတ်ပြည့်ဝလာမှာပါ။

Dehydrated Skin ဖြစ်တဲ့အထိမနေပါနဲ့

အသားခြောက်တဲ့သူတွေက skincare ကိုသေချာလိမ်းပေးဖို့ လိုပါတယ်။ Toner, serum or ampoule or oil, moisturizer လောက်တော့ လိမ်းပေးသင့်ပါတယ်။ ဒါမှ အသားအရေကရေဓာတ်ပြည့်ပြီး စိုစိုကြည်ကြည်လေး ဖြစ်လာမှာပါ။ ရေလည်းများများသောက်ဖို့ လိုပါတယ်။ အသားခြောက်တာကို dehydrater skin ဖြစ်တဲ့အထိနေလိုက်ရင် အသားအရေကမွဲခြောက်ပြီး ညစ်လာပါလိမ့်မယ်။

Exfoliation ပုံမှန်လုပ်ပါ

Exfoliation လုပ်ရင် အသားပိုခြောက်မယ်လို့ထင်တာက မှားပါတယ်။ တစ်ပတ်တစ်ခါ exfoliation ပုံမှန်လုပ်ပေးမှ ဆဲလ်သေတွေဖယ်ရှားပေးပြီး ချွေးပေါက်တွေပွင့်လာပြီး အသားအရေကြည်လာပါမယ်။

Alcohol ပါတဲ့ Product တွေကိုရှောင်ပါ

Alcohol ပါတဲ့ product တွေ skincare တွေ့ အသားပိုခြောက်စေလို့ ကိုယ်က အသားအရမ်းခြောက်တယ်ဆိုရင် ရှောင်တာပိုကောင်းပါတယ်။

Oil သုံးပါ

အသားအရမ်းခြောက်တယ်ဆိုရင် oil တစ်ခုခုကိုသုံးပေးတာက မျက်နှာလေးစိုပြီး glow လာစေပါတယ်။ အသားခြောက်တာ သိသိသာသာ သက်သာသွားပြီး moisture အပြည့်အဝရစေပါတယ်။

Powder သုံးခြင်း

အသားခြောက်တဲ့သူတွေက မိတ်ကပ်လိမ်းတဲ့အခါမှာ dewy look, glow look လေးတွေကို ရွေးချယ်သင့်ပါတယ်။ မိတ်ကပ်လိမ်းပြီး powder တွေထပ်ပုပ်လိမ်းလိုက်ရင် မျက်နှာအသားအရေက ခြောက်ပြီးဖုန်ဖုန်ကြီး ဖြစ်သွားစေတာကြောင့် powder မသုံးတာ ပိုကောင်းပါတယ်။

ရေကြက်သီးနွေးနဲ့ရေချိုးခြင်း

ရေနွေးနဲ့ရေချိုးရင် အသားခြောက်တယ်ဆိုပေမယ့် ရေကြက်သီးနွေးလေးနဲ့ချိုးပေးတာကတော့ အသားအရေအတွက်လိုအပ်တဲ့ moisture level ကို ထိန်းညှိုပေးနိုင်လို့ ချွေးပေါက်ပွင့်ပြီး အသားအရေစိုပြည်စေပါတယ်။