မင်္ဂလာပါနော်။ Selfie ရိုက်တာစိတ်ဝင်စားတဲ့သူတွေအတွက် အကောင်းဆုံး Selfie ရိုက်ကူးနိုင်ဖို့ ဘယ်လိုအချက်တွေကို ရှောင်ရမယ်ဆိုတာ မျှဝေပေးချင်ပါတယ်။

သင့်တော်တဲ့ အလင်းရှိတဲ့နေရာမှာ ရိုက်ပါ

ဓာတ်ပုံရိုက်ရာမှာ အလင်းက သိပ်ကိုအရေးကြီးပါတယ်။ မှောင်နေရင်လှမှာမဟုတ်ဘူးနော်။ အလင်းရှိတဲ့နေရာမှာ အသားအရောင်ရောလှသလို ဓာတ်ပုံထဲမှာ အမိုက်စားဖြစ်နေမှာပါ။

နောက်ခံလှလှလေးမှာရိုက်ပါ

Selfie ရိုက်ရာမှာလည်း နောက်ခံလှနေဖို့လိုပါတယ်နော်။ နေရာ အရမ်းကျယ်ကျယ်ဝန်းဝန်းနဲ့ လှနေတာမျိုးမဟုတ်ရင်တောင် အရောင်လှလှလေးနဲ့ နေရာကောင်းကောင်းမှာ ရိုက်ပါ။ ညစ်ပေနေတဲ့ နေရာကို နောက်ခံထားမရိုက်ပါနဲ့။

ဓာတ်ပုံရိုက်တဲ့အချိန်မှာ ယုံကြည်ချက်ရှိပါ

ဓာတ်ပုံရိုက်တဲ့ ခလုတ်ကို နှိပ်လိုက်ချိန်မှာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါ။ ယုံကြည်မှုရှိမှ စစ်မှန်တဲ့အလှတရားတွေ ပေါ်လာမှာဖြစ်ပါတယ်။

Edit လုပ်နိုင်ပါတယ်

Selfie ဓာတ်ပုံရိုက်ပြီး Edit နည်းနည်းလုပ်ပြီး ပြင်နိုင်ပါတယ်။ ဓာတ်ပုံပြင်ရမှာ ဘာမှ စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် အလွန်အကျွံပြင်တာမျိုးတော့ ရှောင်ပါ။

Angle မှန်မှန်ကနေ ရိုက်ပါ

အကောင်းဆုံး Selfie ရိုက်ကူးနိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်

ဓာတ်ပုံရိုက်ရာမှာ Angle မှန်ဖို့လိုပါတယ်နော်။ Selfie ရိုက်တဲ့အခါ Camera Angle ကို မှန်မှန်ထားရိုက်ပါ။

မျက်နှာ နည်းနည်းပြောင်ပြီးရိုက်ပါ

Selfie ရိုက်ရမှာ မျက်နှာကို နည်းနည်း ခပ်ပြောင်ပြောင်လုပ်ပြီးရိုက်ပါ။ ဒါပေမယ့် အရမ်းခပ်ပေါပေါပုံမျိုးတော့ မရိုက်ပါနဲ့။